Thursday, April 25, 2013

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၁၀၀ နီးပါးရှိ

Posted by drmyochit Thursday, April 25, 2013, under | No comments

ဘင်္ဂလား ဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာမှာ ၈ ထပ် အဆောက်အဦး ပြိုကျပြီးနောက် ဒဏ်ရာရသူတွေကို ကယ် ဆယ် ရေးတွေ ရှာဖွေနေစဉ် (၂၄ ဧပြီ ၂၀၁၃)ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ၈ ထပ် အဆောက် အဦး ပြိုကျပြီးနောက် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေစဉ် (၂၄ ဧပြီ ၂၀၁၃)

ဘင်္ဂလားဒေ့ရှ် လူ ထပ်သေဆုံးမှုရှိ


ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာ အပြင်ဘက်မှာ ၈ ထပ်ရှိတဲ့ ကုန်သွယ်ရေး အဆောက် အဦး တခု ပြိုကျ တာကြောင့် လူ ၉၆ ဦးထက် မနည်း သေဆုံးပြီး၊ ၁ ထောင်လောက်ကို ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ် ကူညီရေး လုပ်သား တွေ က ပြောပါတယ်။

Savar အရပ် Rana Plaza ပြိုကျသွားပြီး အဲ့ဒီက အပျက်အစီးတွေ ကြားထဲမှာ ညပ်ပြီး ကျန်သူတွေကို ဆက်လက် ရှာဖွေမှုတွေ လုပ်နေတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

အဲ့ဒီ အဆောက် အဦး ထဲမှာတော့ ဘဏ်တခု၊ ဈေးဆိုင်တွေနဲ့ အထည်စက်ရုံတရုံလည်း အနည်းဆုံး ရှိနေ တာပါ။ အဆောက်အဦး ပြိုကျတဲ့အချိန်မှာ အထပ်မြင့်ပေါ်မှာ လူ ၂ ထောင်လောက်ကို ရှိနေတယ်လို့ မီးသတ် သမား တဦးက ရိုက်တာသတင်းဌာန ကို ပြောပါတယ်။

မိနစ်ပိုင်း အတွင်းမှာ အဆောက်အဦး တခုလုံး ပြိုကျသွားတာလို့ အသက်ရှင် ကျန်ရစ်သူတွေကလည်း ပြောပါ တယ်။ အင်္ဂါနေ့ကပဲ အဆောက်အဦးမှာ အက်ကွဲကြောင်းတွေ တွေ့ရတာကြောင့်၊ အဆောက် အဦး ပေါ်မှာ အလုပ်သမားတွေ မတက်ကြဖို့ သတိပေးချက် ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီက စက်ရုံပိုင်ရှင်ကနေ အဲ့ဒီ သတိပေးချက်ကို လျစ်လျူပြုခဲ့ပုံ ရတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

From: VOA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်