Thursday, April 25, 2013

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး

Posted by drmyochit Thursday, April 25, 2013, under | No comments


Isabella Barrett လို့အမည်ရတဲ့ ၆ နှစ် အရွယ် ကလေး မငယ် လေးဟာ အမေရိကန်မှာ သန်းကြွယ် ချမ်းသာ တဲ့ မော်ဒယ် မလေး ဖြစ်ပါတယ်။

မော်ဒယ် အလုပ် တစ်ခု တည်းနဲ့ ချမ်းသာ တာတော့ မဟုတ်ပါ ဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီးတဲ့ လက်ကောက် နဲ့ လက် ဝတ် ရတနာ များရှိပြီး အသက် ၃၉ နှစ် အရွယ် အမေဖြစ် သူနဲ့ အ တူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိ ကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရ ရှိခဲ့ပါ တယ်။

နောက်ထပ် လည်း ပစ္စည်းများ ထုတ်လုပ်နေပြီး ဆက်လက် ဖြန့်ချိ ရောင်းချမှာ ဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းရဲ့  တစ်ပင် တိုင် မော်ဒယ် ဖြစ်တဲ့အပြင် အခြားသော ဖက်ရှင်စစ္စည်းနဲ့ အဝတ် အ ထည် များ အတွက်လည်း မော်ဒယ် အဖြစ် သရုပ်ဆောင်နေပါတယ်။ မော်ဒယ်ပြိုင်ပွဲများမှာလည်း ဆုတံ ဆိပ်များ ရရှိပြီး အသက် ငယ်ငယ်နဲ့ အောင်မြင်နေပါတယ်။

ဒါကြောင့် တီဗီရှိုးတွေထဲမှာလည်း ပါဝင်လာတဲ့ ကလေးမလေး Isabella ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ် တိုင် ငွေရှာတဲ့ မီလျံနာ တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
--
Ref: yahoo
International news for myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်