Thursday, April 25, 2013

Facebook ပေါ်မှ သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလများကို တုံ့ပြန်ကာကွယ်နိုင်ရန် နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း အလွှာစုံတို့ ဆွေးနွေး

Posted by drmyochit Thursday, April 25, 2013, under | No comments


Facebook လူမှုကွန်ရက် စာမျက်နှာ သုံးစွဲ သူများ၏ သွေးထိုး လှုံ့ဆော် မှုများနှင့် ကောလာ ဟလ များကို ကာကွယ် နိုင်ရန် နိုင်ငံရေးနှင့် လူမှု အဖွဲ့အစည်း အလွှာ ပေါင်းစုံ ပါဝင်သည့် ဆွေး နွေးပွဲ တစ်ခုကို ဧပြီ ၂၀ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်း တွင် ပြုလုပ် ခဲ့သည်။

ယင်း ဆွေးနွေး ပွဲသို့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း၊ တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ၊ မြန်မာ စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မြန်မာ ဂျာနယ်လစ် သမဂ္ဂ၊ မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံး၊ သဘင် အစည်း အရုံး စသည့် အဖွဲ့ အစည်း များနှင့် အိုင်တီ ပညာ ရှင်များ တက်ရောက် ခဲ့ကြ သည်။

"ဒီပွဲ ကနေ ဖေ့စ်ဘွတ်ပေါ် မှာ ရှိတဲ့ ကောလာ ဟလ တွေ၊ အဆိုးမြင် တိုက်ခိုက် မှုတွေ၊ သက် ဆိုင်ရာ အခု တက် လာတဲ့ သူတွေရဲ့ အဖွဲ့အစည်း အသီးသီးအလိုက် မီဒီယာဆို မီဒီယာ၊ ရုပ်ရှင်ဆို ရုပ်ရှင်၊ သဘင်ဆို သဘင်၊ နိုင်ငံ ရေးဆို နိုင်ငံရေး အင်အားစုတွေက သူတို့နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ဒီ Network ကနေ Facebook တစ်ခု ထောင်ပြီးတော့ ဒီကောလာဟလတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ရှင်း မယ်။ အဓိကကတော့ Facebook ပေါ်ကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ သူတွေ ရှိ တယ်။ အဲဒီလို အဖျက်ဘက်ကို သွားမှာကို တတ်နိုင်သလောက် ကာကွယ်ဖို့ အဓိက ရည်ရွယ် ပါတယ်" ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။

မြန်မာ နိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဖုန်းအလုံးရေ ၃၉ သန်း ချပေးမည်ဖြစ်သည့်အတွက် ဖေ့စ်ဘွတ် သုံးစွဲသူ များပြားလာနိုင်ကြောင်း၊ အချို့သူများက ဖေ့စ်ဘွတ်ပေါ်မှ ကောလာဟလများကို ပြန် လည် မဖြေရှင်းသည့်အတွက် ဟုတ်နိုးနိုးနှင့် နစ်နာနေသည်များ ရှိကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များက ဖေ့စ်ဘွတ်သုံးစွဲပြီး ကောလာဟလများကို ပြန်လည်ဖြေရှင်းသွားပါက ပြေလည် သွားနိုင်သည့် အတွက် ယခုလို ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

"ဒီနေ့တက်လာတဲ့ သူတွေကနေ Close Friends တွေ ဖွဲ့သွားမယ်။ ပြီးရင် သူတို့ကမှတစ်ဆင့် နီးစပ်ရာ အကျိုး ရှိရှိ သုံးမယ့်သူတွေကို ဆက်ပြီး ချိတ်ဆက်သွားမယ်ဆိုရင် Network အကြီးကြီး ဖြစ်လာမယ်။ အဲဒီ ကမှ တစ်ဆင့် Network အကျိုးမဲ့အောင် သုံးတဲ့လူတွေ ကွဲထွက်သွားမယ်။ နောက်ပိုင်းမှာ Cyber Crime တွေ အတွက် Cyber Law တစ်ခု ပေါ်လာဖို့ကတော့ လွှတ်တော်ကနေတစ်ဆင့် ဆောင်ရွက်သွားရမှာပေါ့" ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ် များ၊ ၂၀၁၃ ခုနှစ် မတ်လအတွင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှစကာ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ် များ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များ၊ ပြီးခဲ့သည့် ဧပြီ ၂ ရက် နံနက်ပိုင်းက ရန်ကုန် မြို့ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းရှိ ဗလီတစ်ခုတွင် ၀ိုင်ယာရှောခ့်ဖြစ်ကာ မီးလောင်မှုကြောင့် အစ္စလာမ် ဘာသာ ၀င် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့မှု ဖြစ်စဉ်တို့တွင် အဓိကရုဏ်း အသွင်ဆောင် အခြေအနေများ ဖြစ်ပေါ် စေရန် Facebook လူမှုကွန်ရက် စာမျက်နှာများတွင် သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သည်။

လူမှုကွန် ရက် သုံးစွဲသူများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလများကို ကာကွယ်နိုင်ရန် နိုင်ငံ ရေးနှင့် လူမှုအဖွဲ့အစည်း ပေါင်းစုံဆွေးနွေးနေစဉ်

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်