Thursday, April 25, 2013

ဝီဂါမူဆလင်နဲ့ တရုတ်ရဲကြား ပဋိပက္ခဖြစ် ၂၁ ဦးသေ

Posted by drmyochit Thursday, April 25, 2013, under | No comments


တရုတ်နိုင်ငံ ​အနောက် ပိုင်း ​ရှင်ကျန်း ​ပြည်နယ်မှာ ​ဒေသခံ ​ဝီဂါလူမျိုးတွေနဲ့ ​တရုတ်ရဲတွေအကြား ​ပဋိ ပက္ခဖြစ်ကြ ရာက ​လူပေါင်း ​၂၁ ​ယောက် ​သေဆုံးခဲ့ရပါတယ်။
တရုတ် နိုင်ငံရှိ ဝီဂါလူမျိုးတွေ ဝတ်ပြုနေစဉ် (Credit: AFP) 

ဝီဂါ လူမျိုး ​လူငယ်တချို့ ​ဓားတွေကိုင်ဆောင်ထားတာကို ​တရုတ်အစိုးရအရာရှိတွေ ​သတိပြုမိပြီး ​ရဲတွေကို ​အကြောင်း ကြား ရာက ​ပဋိပက္ခ ​စတင်ခဲ့တာလို့ ​တရုတ်အစိုးရပိုင် ​မီဒီယာမှာ ​ဖော်ပြထားပါတယ်။

ရဲတွေက ​ဒေသခံတွေရဲ့ ​နေအိမ်မှာ ​လက်နက်သိုလှောင်မှုတွေ ​ရှိမရှိ ​စစ် ​ဆေး ​ရာ ​က ​ပြဿနာ ​ဖြစ်တာ ​လို့ လည်း ​ဖော်ပြထားပါတယ်။

ဝီဂါလူမျိုးတချို့နဲ့ ​တရုတ်ရဲတွေအကြား  ​ဖြစ်နေတဲ့ ​ပဋိ ပက္ခ အတွင်း ​တခြား ​ဝီဂါ လူမျိုး တွေပါ ​ပါဝင်ပြီး ​ရဲတွေ ကို ​တိုက်ခိုက်ခဲ့တဲ့အတွက် ​ရဲတွေနဲ့ ​တရုတ် အစိုးရ ဝန်ထမ်း ​၁၅ ​ယောက်လောက် ​သေဆုံးပြီး ​ဝီဂါလူမျိုး ​၆ ​ယောက် ​သေဆုံးခဲ့တယ်လို့ ​ဘေကျင်းမြို့အခြေစိုက် ​အေဘီစီသတင်းထောက် ​Stephen ​McDonell ​က ​သတင်း ပေးပို့ခဲ့ပါတယ်။

ဝီဂါ လူမျိုး တွေဟာ ​အစ္စလာမ် ဘာသာ ဝင်တွေ ဖြစ်ကြပြီး ​အများစုက ​တရုတ် နိုင်ငံ ကနေ ​လွတ်လပ် ရေးရ ရှိဖို့ ​လိုလား ကြသူ တွေ ​ဖြစ်ပါတယ်။ ​ရှင်ကျန်း ​ပြည်နယ်မှာ ​ဝီဂါလူမျိုး ​လူဦးရေ ​၉ ​သန်းလောက်ရှိပြီး ​ရှင် ကျန်းပြည် နယ် ​လူဦးရေရဲ့ ​၆၀% ​ကျော်ရှိပြီး ​ကျန်လူတွေကတော့ ​ဟန်တရုတ်လူမျိုးတွေ ​များပြား ကြောင်း ​သိရပါတယ်။

ဝီဂါ လူမျိုး တွေ ကတော့ ​သူတို့အပေါ် ​တရုတ် အစိုးရက ​ဘာသာရေး၊ ​လူမျိုးရေး ​ဖိနှိပ် မှုတွေ လုပ် တယ်လို့ ​ပြောဆို ထားပြီး ​တရုတ် အစိုး ရက လည်း ​ဝီဂါလူမျိုးတချို့ ​ဟာ ​အကြမ်းဖက်သမားတွေဖြစ်တယ်လို့ပြောပြီး ​တချို့ကို ​ဖမ်းဆီး မှုတွေ ​လုပ်ခဲ့ပါတယ်။

From: ABC Radio Australia  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်