Thursday, April 25, 2013

အထည်စတွင် စေတီပုံ ရိုက်နှိပ်ထားမှု ဖော်ထုတ်ရေး မေခလာသိန်း အထည်ဆိုင် ကူညီနေဟု ဆို

Posted by drmyochit Thursday, April 25, 2013, under | No comments


 အထည်စ များတွင် စေတီ ပုံရိုက် နှိပ်ထား မှုကို စုံစမ်း ဖော် ထုတ်ရန် မေခ လာသိန်း အထည်ဆိုင် အနေဖြင့် ကူညီပေး နေကြောင်း အထည်ဆိုင် ပိုင်ရှင်၏ သား ဦးကျော် လှိုင်သိန်း က ပြောသည်။

အထည်စများတွင် စေတီပုံ ရိုက်နှိပ် ထားခြင်းမှာ မေခလာသိန်း အထည်ဆိုင် နှင့်ပတ်သက်မှု မရှိကြောင်း ကို ယနေ့ မွန်းလွဲ ၂နာရီတွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မေခလာသိန်း အထည်ဆိုင် အနေ ဖြင့် အထည်စ များကိုသာ တစ်ဆင့်ဝယ် ယူရောင်းချခြင်း ဖြစ်ပြီး ပုံနှိပ်၊ ထုတ် လုပ် ရောင်းချသူ တစ်ဦး မဟုတ်ကြောင်း၊ ၄င်း တို့အနေဖြင့် အဆိုပါ စေတီပုံများ ရိုက်နှိပ် ထားမှုကို မသိ ရှိ ၍သာ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း မေခလာသိန်း အထည်ဆိုင် ပိုင်ရှင်၏ သား ဦးကျော်လှိုင်သိန်း ကပြောသည်။

”အထည် စတွေက အုပ်လိုက်လာ တာမို့ ကျွန်တော်တို့ လည်း စစ်ဆေး မကြည့်မိခဲ့ပါဘူး။ ရောင်းချစဉ် ကလည်း ပါတာကို မသိဘူး။ ဝယ်သူတွေ ကလည်း မသိဘူး။ သူတို့လည်း အိမ်ရောက်မှ သိကြတာပါ” ဟု ၄င်း က ပြောသည်။

အထည်စ၏ အတည့်ဘက်တွင် ပါဝင်ခြင်း မဟုတ်ဘဲ ပြောင်းပြန် ဘက် အောက်ခြေတွင် ပါဝင်နေခြင်းကို တွေ့ရှိ ရပြီး အထက်ပါ အဆင်များ၏ အထည် တိုင်းတွင် မတွေ့ရဘဲ အချို့အထည်များ တွင်သာ ပါဝင်ခြင်း ဖြစ်ကြောင်း အ ထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အထက်ပါ အထည်စများကို မော်လမြိုင် ဘက်မှ ကယ်ရီ သမားများက လာ ရောက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ၄င်းအ ထည်များသည် ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်ခြင်း ဖြစ်ကြောင်း ၄င်းထံမှ သိ ရသည်။
အထည် စ များတွင် ရိုက်နှိပ်ထား မှုကို စုံစမ်းရန် အတွက် ရဲတပ်ဖွဲ့နှင့် ၄င်း တို့ ပူးပေါင်း ပါဝင် ဆောင်ရွက် နေပြီး ရဲတပ်ဖွဲ့ဝင် များကိုလည်း မော်လမြိုင် ကယ်ရီသမားကို စုံစမ်းရန် အတွက်လည်း ကူညီဆောင် ရွက်နေ ကြောင်း ၄င်းက ပြောသည်။

လက်ရှိတွင် သာသနာကို ညှိုးနွမ်း စေသော အမှုဖြင့် မေခလာသိန်း အထည် ဆိုင်ပိုင်ရှင် ၏သား ဦးကျော် လှိုင်သိန်း ကို အမှုဖွင့် အရေးယူထားသည်။

မေခလာ သိန်း အထည်ဆိုင် ပိုင်ရှင် မိသားစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူ များဖြစ်ကြကြောင်း ၄င်းက ရှင်းလင်း ပြောဆိုခဲ့သည်။

ဧပြီ ၁၁ ရက်တွင် မေခလာသိန်း အထည်ဆိုင်သို့ လာရောက် ဝယ်ယူသူ နှစ်ဦးမှ ၄င်းတို့ ဝယ်ယူသည့် အ ထည် စ များတွင် စေတီပုံများ ထည့်သွင်း ရိုက်နှိပ်ထားကြောင်းကို သိရှိပြီး ဘာသာရေး ပဋိပက္ခ များ ဖြစ်ပွား စေ ရန် လှုံ့ဆော်ခြင်း ဟု ယူဆကာ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ ဖြင့် အထည်ဆိုင်သို့ ဝင်ရောက် ရှာဖွေ ကာ ဆိုင်ပိုင်ရှင်ကို သာသနာ ညှိုးနွမ်းစေ သော အမှုဖြင့် တရားစွဲ ဆိုထားခြင်းဖြစ် ကြောင်း သိရ သည်။

PN029
Popular Myanmar News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်