Thursday, April 25, 2013

၈၈ တွင် ကျောင်းမတက်သည့် ၈၈ ခေါင်းဆောင် ဆိုသူများ၏ ဆူပူမှု မှတ်တမ်း

Posted by drmyochit Thursday, April 25, 2013, under | No comments

၈.၈.၈၈။ ထိုကာလသည် အေးချမ်းစွာ နေလိုသော မြန်မာ နိုင်ငံသား တို့ အတွက် အနိဌာ ရုံကာလ ဖြစ်ပြီး ယနေ့ အချိန်တွင် ခွပ်ဒေါင်းအလံထောင်ပြီး အလုပ် ဖြစ်နေ သူများ အတွက် လုပ်စား၍ အကောင်း ဆုံးကာ ဖြစ် သည်။ ဆိုရှယ် လစ် စီးပွားရေးစနစ်၊ ပြည်သူပိုင် စီးပွားရေး စနစ်တို့ကို ကျင့်သုံးခဲ့သည့် ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် များ၏ လောဘ၊ ဒေါသ၊မာန များကြောင့် တိုင်းပြည်က နလန်မထူနိုင်ခဲ့။

ဆိုရှယ်လစ် လမ်းစဉ် ပါတီသည် တိုင်း ရင်းသား စည်းလုံး ညီညွှတ် ရေးကို မတည် ဆောက်နိုင် သဖြင့် နယ်စပ် တွင် လက်နက်ကိုင်သောင်းကျန်းသူများ သောင်းကျန်းနေသည်။ ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ မြင့် မားနေ သည်။ လစာ မလောက်ငှမှုကြောင့် ၀န်ထမ်းများ လာဘ်စားကြသည်။ ထို အချိန်တွင် ဟောင်ေ ကာင် မှ ၀င်လာသည့် ငွေစက္ကူ အတုများ ဗိုလ်မြ ထံမှ တစ်ဆင့် ပြည်တွင်းသို့ လှိမ့်ဝင်လာသည်။ ငွေကြေးေ ဖာင်း ပွမှုကို ထိန်းချုပ်ရန် အတွက် ၁၉၈၇ စက်တင်ဘာတွင် ငွေစက္ကူများ တရားမ၀င်ကြောင်း ကြေငြာ သည်။ အစောပိုင်းတွင် ပြန်လဲ ပေး မည်လား မျှော်လင့်ချက်ဖြင့် ဆူပူမှု မပြင်းထန်သော်လည်း ပြန်မလဲပေး သည့် အခါတွင်တော့ ဆူပူရန် တာစူနေ ကြသည်။

ထိုအခြေအနေကို အခွင့် ကောင်းယူ၍ လုပ်စားခဲ့သူများကတော့ ယနေ့ ၈၈ ခေါင်းဆောင်များ ဆိုသည့် မင်း ကိုနိုင် ၊ကိုကိုကြီး၊မြအေး၊ ဌေး ကြွယ်နှင့် မိုးသီးဇွန်တို့ အုပ်စုပင်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် အင်း စိန်၊ အနောက် ကြို့ကုန်း ရပ်ကွက်မှ လူငယ်များနှင့် စက်မှု တက္ကသိုလ် ကျောင်းသားများ ခိုက်ရန် ဖြစ်ပွား သည်။ ပြည် သူ့ရဲ လုံခြုံမှု ထိန်းသိမ်းရေးတပ်မှ အဓိကရုဏ်းအား နှိမ်နှင်းရာ ဆူပူရန်ဖြစ်သည့် ကျောင်းသား ဖုန်းမော် ဒဏ်ရာ ရသည်။ မတ်လ ၁၄ ရက်နေ့တွင် သေသည်။ ထို အချက်ကို အခွင့်ကောင်းယူ၍ နောက် ကွယ် မှ မြှောက်ပင့်ကာ အစိုးရ အဆောက်အဦများ၊ ပြည်သူပိုင်များ၊ မော်တော်ယာဉ်များ မီးရှို့သည်။ ၁၉၈၈ အ စော ပိုင်း မတ်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့ထိ တစ်ပတ်အတွင်း မီးရှို့မှု (၁၅)မှု၊ ပြည်သူပိုင် ပ စ္စည်း ဖျက်ဆီး မှု(၈၆)မှု၊ သမ၀ါယမ ဆိုင် ဖျက်ဆီးမှု(၁၆) မှု ဖြစ်ပွားခဲ့ကာ ငွေကျပ်(၄၁)သိန်း ကျော် ဆုံး ရှုံး ခဲ့သည်။ အစိုးရက ကျောင်းများ ပိတ်လိုက်သည်။

မေလ(၃၀) ရက်နေ့တွင် ကျောင်းပြန်ဖွင့်ခဲ့သည်။ ၈၈ တို့၏ သွေးထိုးမှုကြောင့် ဇွန်လ(၁၃) ရက်နေ့တွင် ပြန် လည် ဆူပူသဖြင့် ဇွန်လ(၂၀) ရက်နေ့တွင် ကျောင်းပြန်ပိတ်ခဲ့သည်။ သို့သော် ကျောင်းသား ကလပ်စည်း အ တွင်း ၀င်ရောက် နေသည့် အဖွဲ့များကြောင့် ဆူပူမှုများ ဆက်တိုက်ဖြစ်ပွားကာ ၂၂-၇-၈၈ တွင် ပုဒ်မ ၁၄၄ ထုတ် သည်။ စစ်အုပ်ချုပ်ရေး ကြေငြာကာ တပ်မတော်မှ ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။

ဇူလိုင်လ ၂၅  ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံက ဦးနေ၀င်းနှင့် ဦးစန်းယုတို့ကို အနားယူခွင့် ပေး လိုက် သဖြင့် ဦးစိန်လွင် ပါတီဥက္ကဌ ဖြစ်လာသည်။ သြဂုတ်လ(၂၀)ရက်နေ့တွင် ဦးစိန်လွင် နှုတ်ထွက်သဖြင့် သြဂုတ် လ ၁၉ ရက်နေ့တွင် ဒေါက်တာ မောင်မောင် ပါတီဥက္ကဌနှင့် နိုင်ငံတော် သမ္မတ ဖြစ်လာခဲ့ပြီး သြဂုတ် လ ၂၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ရုတ်သိမ်းခဲ့သည်။

ပြည်တွင်း ဆူပူမှု ဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ ဖန်တီးသည့် ၈၈ အဖွဲ့များကတော့ ရပ်မသွား။ ဆူပူမှုများ နှင့် အတူ မင်းကိုနိုင်က ၈-၈-၈၈ မတိုင် ခင် မင်းကိုနိုင် လက်ရေးဖြင့်ရေးသော ခွေးအိုဆင်းလို့ ခွေးရူးတက် မြန် မာနိုင်ငံပျက် ဆိုသည့် လှုံ့ဆော်စာကို တက္ကသိုလ်များသို့ ဗကသမှ ဖြန့်ဝေသည်။ ထိုစာထဲတွင် ခေတ် အ ဆက် ဆက် ကျောင်းသားတွေ ဆူပူမှ အစိုးရ ပြုတ်ကျကြောင်း၊ ၈-၈-၈၈ မှာ တစ်နိုင်ငံလုံးရှိ ကျောင်း သားများ လမ်းပေါ်ထွက် ဆန္ဒပြရမည့် အကြောင်း လှုံ့ ဆော် ရေးသားထားသည်။

မင်းကိုနိုင်မှ ကျောင်းသားအားလုံး လမ်းပေါ်ထွက် ဆူပူဖို့ လှုံ့ဆော်ချိန်တွင် ကိုကိုကြီးက အမေရိကန် သံရုံး သို့ ၀င်ထွက်သည်။ ဌေးကြွယ်က ပြည်ပ အသံလွှင့်ဌာနများနှင့် ပေါင်းကာ လုံထိန်းများမှ ကျောင်းသူအား မု ဒိန်း ကျင့်သည် ဆိုသည့် သတင်းမှားလွှင့်ကာ ဆူပူမှုများ ဖြစ်အောင် ဖန်တီးသည်။ ဆူပူမှုများ ဆက်တိုက် ဖြစ် လာပြီး ၂၈-၈-၈၈ တွင်တော့ မင်းကိုနိုင် ဗကသဥက္ကဌ ဖြစ်လာသည်။ ပြည်သူများ ခေါင်းဖြတ် အသတ် ခံရသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်တို့ သတင်းမှားများ ဆက်တိုက်ထုတ်လွှင့်သည်။ ၁၂-၉-၈၈ တွင် အမေရိကန် စစ်သင်္ဘော အုပ်စု မြန်မာ့ရေပိုက်နက်ထဲ ရောက်လာသည်။ ဗကပ ယူဂျီများက တပ်မတော် (လေ)နှင့် (ရေ)မှ အမြောက်များ ဗုံးကြဲမည်ဟု ကြေငြာချက် အတုထုတ်သည်။ စက်တင်ဘာ (၁၄)တွင် အစိုး ရမှ သပိတ်အဖွဲ့ (၃၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့။

စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေး ၀န်ကြီးရုံး တာဝန်ကျ လုံခြုံရေး တပ်ခွဲရုံးကို ၀ိုင်း ၀န်း တိုက် ခိုက် ကာ လက်နက်များ ယူသွားသည်။ ရဲစခန်းများကို ၀င်စီးသည်။ အဓိက ဦးဆောင် သူမှာ ကိုကိုကြီး ဖြစ် သည်။ အင်တာဗျူး တစ်ခုအရ ကိုကိုကြီးမှ မိမိတွင် လက်နက်များ ရှိကြောင်း၊ လက်နက်ကိုင် တိုက်မည့် အကြောင်း များ ပြောခဲ့သည်။ ပြည်တွင်းပြည်ပ သောင်းကျန်း သူများ နှင့် ၈၈ တို့ ဟန်ချက်ညီ ပေါင်းပြီး တိုင်းပြည် ဖျက်ရန် ကြံစည်သည်မို့ အစိုးရမှ မထိန်းနိုင်တော့ပေ။ ၁၄-၉ ၈၈ တွင် ဗကပများ မိုင်းယန်းကို တိုက် သည်။ ၁-၉-၈၈ တွင် KNU များ မဲသဝေါ အပါအ၀င် စခန်းများကို တိုက်သည်။ ထို့ကြောင့် ၁၈-၉-၁၉၈၈ တွင် တပ်မတော်မှ နိုင်ငံတော်၏ ဆုံးရှုံး ရမည့် အချုပ်အခြာအာဏာကို ၀င်ရောက် ထိန်း သိမ်းရတော့သည်။ သို့သော် အကြမ်းဖက် မှုများနှင့် သောင်းကျန်းသူများ အန္တရာယ် မရပ်သွား။ ၁၀-၁၀-၈၈ တွင် KIO မှ မြို့သစ်တပ်စခန်း၊ နိုဝင်ဘာ တွင် မိုးညှင်းမြို့အား တိုက်ခိုက်သည်။

လက်နက်ကိုင် သောင်းကျန်းသူများ ကို တိုက်ခိုက်ရင်း ပြည်တွင်း ဆူပူမှုများကို တပ်မတော်မှ ဖြေရှင်းသည်။ ၁၉၈၉ မတ်လ တွင် ၈၈ တွင် ဆူပူသည့် မင်းကိုနိုင်တို့ အုပ်စုအား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ပြည်တွင်း တည် ငြိမ်ရေး တည်ဆောက်ချိန်တွင် KNU တို့က ကယားနယ်စပ်မှ တနင်္သာရီ တောင်ဘက် အစွန်ထိ အမာ ခံ စခန်း များ ဆောက်လုပ်ကာ စီးပွားရေး၊ စစ်ရေး တိုးချဲ့သည်။

ဆက်ရန်

အထက်ပါ အချက်များ မှန် မမှန်အား တစ်ပိုဒ်ချင်းအလိုက် ၈၈ မျိုးဆက် ဆက်ဆံရေးဌာန ဖုန်းနံပါတ် ၀၁ - ၅၆၅၉၁၉ နှင့် ၀၉-၇၃၀-၈၁၇၀၁ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

From:OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်