Thursday, April 25, 2013

ခရီးသည်တင် ရထားအား တိုက်ခိုက်ရန် ကြံစည်သူများ ကနေဒါရဲများမှ ဖမ်းဆီးရမိခဲ့

Posted by drmyochit Thursday, April 25, 2013, under | No comments



ကနေဒါ နိုင်ငံ အတွင်းရှိ ခရီး သည် တင် မီးရထား တစ်စင်းကို ပေါက်ကွဲစေဖို့ လျှို့ဝှက်ပူးပေါင်း ကြံစည်သူ အမျိုးသား ၂ဦးကို ကနေဒါ ရဲတပ်ဖွဲ့ဝင်တွေက အချိန်မီ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါ တယ်။ ဖမ်းဆီးရမိသူ အမျိုး သား ၂ဦးအနက် တစ်ဦး ကတော့ အသက် ၃၀ အရွယ် ရှိပြီး ကျန်တစ်ဦး ကတော့ အသက် ၃၅နှစ် အရွယ် ရှိတယ်လို့သိရပါတယ်။ တရားခံ ၂ဦးဟာ ရထားလမ်းဗုံးခွဲပြီး ရထားကို တွဲချော် တိမ်းမှောက် သွားအောင် လုပ်ဖို့ ကြံစည်ခဲ့ကြတာ ဖြစ်ပေမယ့်လည်း အဆိုပါ လျှို့ဝှက်ကြံစည်မှုကို အမေရိကန်ဗဟို စုံစမ်း ထောက် လှမ်းရေး ဗျူရိုအဖွဲ့မှ နယ်စပ် စစ်ဆင်ရေးအတွင်း အချိန်မီသိရှိ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

အခုလို လျှို့ဝှက်ပူးပေါင်း ကြံစည်မှုရဲ့နောက်ကွယ်မှာ အယ်လ်ကိုင်ဒါ အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့ ရှိနေကြောင်း လည်း သိရပါတယ်။ တရားခံ ၂ဦးဟာ ကနေဒါလူမျိုး မဟုတ်ပေမယ့် ဘယ်နိုင်ငံသား ဖြစ် တယ် ဆိုတာကိုတော့  အခုထိဝန်ခံခြင်းမရှိ သေးကြောင်း သိရပါတယ်။ ကနေဒါနဲ့ အမေရိကန် ပြည်ထောင် စုမှ မီဒီယာတွေရဲ့ ပြောကြား ချက်အရ ဖမ်းဆီးရမိတဲ့ အဆိုပါတရားခံ ၂ဦးဟာ အမေရိကန်ပြည်ထောင်စု ဘော် စတွန် မာရသွန်ပြိုင်ပွဲ အတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့တော့ မသက်ဆိုင်ကြောင်း သိရပါတယ်။

From: MRTV4 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်