Thursday, April 25, 2013

သမ္မတ ဦးသိန်းစိန် အာဆီယံ ထိပ်သီး အစည်း အဝေး တက်ရန် ဘရူနိုင်း နိုင်ငံကို ထွက်ခွာ

Posted by drmyochit Thursday, April 25, 2013, under | No comments


သမ္မတ ဦးသိန်းစိန်ဟာ ဘရူနိုင်း နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်း အဝေး တက်ရောက်ဖို့ ဒီနေ့ နေ့လယ်ပိုင်းက  နေပြည်တော် ကနေ  အထူး လေယာဉ်နဲ့ ထွက်ခွာ သွားတယ်လို့ သမ္မတရုံး ၀က်ဆိုက် မှာ ဖော်ပြပါ တယ်။

မြန်မာ သမ္မတ နဲ့အတူ ပြည်ထောင်စု ၀န်ကြီး တွေဖြစ် တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးတင် နိုင်သိန်း၊ ဒေါက်တာ ကံဇော် စသူတို့ လိုက်ပါ သွားပါတယ်။
နေပြည်တော် လေဆိပ်မှ ထွက်ခွာ

သမ္မတ ဦးသိန်းစိန် အပါအ၀င် အာဆီယံ နိုင်ငံ တွေက ခေါင်းဆောင် တွေဟာ ဘရူးနိုင်း နိုင်ငံမှာ ၂ ရက်ကြာ ကျင်းပမယ့် ၂၂ ကြိမ် မြောက်  အာဆီယံ ထိပ်သီး အစည်း အဝေးကို တက်ရောက်ဖို့ ဒီနေ့မှာ မြို့တော် ဘန်ဒါစရီ ဘန်ဂါဝန်မြု့ ရောက်ရှိနေကြ တာပါ။

ဒီ အစည်း အဝေးမှာ ရေပိုင်နက် အငြင်းပွား နေတဲ့ တရုတ်နဲ့ ဒေသတွင်း နိုင်ငံ တွေရဲ့ ဆက်ဆံရေး ကိစ္စနဲ့ အာဆီယံ နိုင်ငံတွေ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စ တွေ အဓိက ထား ဆွေးနွေးဖို့ ရှိနေပါ တယ်။

အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ဘရူနိုင်း၊ မေလးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ် တရုတ်တို့အြကား သားငါးသယံဇာတေပါများကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက်ကို သူပိုင်တယ်၊ ကိုယ်ပိုင်တယ် အြငင်းပွားနြေကတာ ဖြစ်ပါတယ်။

ဖိလစ် ပိုင်နဲ့ ဗီယက်နမ် တို့က အာဆီယံ အသင်းကြီး အနေနဲ့ တညီ တညွတ်တည်း ရပ်တည်ကြဖို့ တွန်းအား ပေး နေ ပေမယ့် တရုတ်ရဲ့ မဟာမိတ် ကမ္ဘော ဒီးယား နိုင်ငံက အတိုက် အခံ လုပ် နေတာ ဖြစ်ပါ တယ်။

ပြီးခဲ့ တဲ့နှစ် ဇူလိုင်လက  ကမ္ဘော ဒီးယား နိုင်ငံ ဖနွမ်းပင် မြို့မှာ ကျင်းပတဲ့ အာဆီယံ အစည်း အဝေး ပွဲမှာ တော့ ဒီပြ ဿနာနဲ့ ပတ်သက်ပြီး ဘုံ ရပ်တည်ချက် သေဘာထား ကြေညာ ချက်ကို ၄၅ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ထုတ်ပြန် နိုင်ခဲ့ခြင်း မရှိဘဲ အစည်း အဝေး ရပ်ဆိုင်း ခဲ့ရ ဖူး ပါ တယ်။

ဒီနှစ်တော့ ထိပ်သီး ဆွေးနွေး ပွဲ အပြီးမှာ ဒီ ပြဿ နာကို တရုတ်နဲ့ ဆွေးနွေးဖို့ အာဆီယံ ခေါင်းဆောင်တွေ ညီညီ ညွတ်ညွတ် တောင်းဆို ဖွယ် ရှိကြောင်း၊ ဒါပေမ ယ့် ပြင်းထန်တဲ့ စကား လုံးတွေ သုံးမှာ မဟုတ် ဘူးလို့ အေအက်ပီ သတင်း ဌာနက ကြေညာ ချက် မူကြမ်း ရရှိ ထားတယ်လို့ ဆိုပါတယ်။

ဒီ အစည်း အဝေးမှာ တောင် တရုတ် ပင်လယ် ကိစ္စ အပြင် အဖွဲ့တွင်း စီးပွားရေး၊ လူမူရေးနဲ့ ယဉ်ကျေးမှု နယ် ပယ် များ ပိုမို ပူးပေါင်း ဆောင် ရွက်ဖို့၊ ၂၀၁၅ မှာ အေအီးစီ ခေါ် အာဆီယံ စီးပွားရေး အသိုက် အ၀န်း ထူထောင် ဖို့နဲ့ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူး ဇီလန် နိုင်ငံ တွေနဲ့ လွတ်လပ် တဲ့ ကုန်သွယ်မှု လုပ်ဖို့ ကိစ္စ တွေလည်း ဆွေးနွေး ဖို့ ရှိပါ တယ်။

ထိုင်း ၀န်ကြီးချုပ် ကတော့  ထားဝယ် စီမံကိန်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှု လုပ်ငန်းစဉ် တိုးတက်မှု အခြေ အနေကို ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဧပြီ ၂၄ ရက်နေ့ ထိပ်သီး ဆွေးနွေး ပွဲပြင် ပမှာ သီးခြား တွေ့ဖို့ ရှိတယ် လို့ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အမြဲတမ်း အတွင်း ၀န်က ထိုင်း မီဒီယာ တွေကို  ပြောပါ တယ်။

From: DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်