Tuesday, April 23, 2013

ရွှေပေါက်ကံမြို့သစ်လယ်ယာမြေသိမ်းဆည်းခံရသောလယ်သမားအချို့နှင့်မြို့နေထိုင်သူများပဋိပက္ခဖြစ်ပွား

Posted by drmyochit Tuesday, April 23, 2013, under | No comments

၁၉၉၀-၉၁ ခုနှစ်တွင် တပ် မတော် အစိုးရ လက်ထက်၌ မြေ ယာကွက်များ ဖော်ထုတ်၍ အငြိမ်းစား တပ်မတော် မိသားစု များကို မြေ နေရာများ ချထားပေး ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး၊ မြောက် ဥက္ကလာပ မြို့နယ်၊ ရွှေ ပေါက်ကံမြို့သစ်၊ လူနေမြေကွက် များနှင့် စက်မှုဇုန်မြေကွက်များ ဖော်ထုတ်ရာတွင် လယ်ယာ မြေ များသိမ်း ဆည်းခြင်း ခံရသော လယ်သမား (၃၀)ဦး ခန့်သည် အမျိုးသား ညီလာခံ ကိုယ် စားလှယ် ဦးထွန်းဦးနှင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ဦးမင်းဇော်တို့ ဦးဆောင်၍ (၂၀-၄-၂၀၁၃)ရက်တွင် လူနေ ရပ်ကွက်၊ စီမံကိန်းမြေနေရာ ဌာနဆိုင်ရာ အဆောက်အအုံ မြေနေရာများရှေ့တွင် ပြည်ထောင် စုလယ် ယာ မြေစုံ စမ်းရေး ကော် မရှင်သို့ တိုင်ကြားထားသော မြေ ကွက်များဖြစ်ကြောင်း ရေးသား ထား သည့် ဆိုင်းဘုတ်များ လိုက် လံတပ်ဆင်ကြရာ အမှတ်(၁၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ရပ်ကွက် နေထိုင်သူ များနှင့် ပဋိ ပက်္ခဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ များ ၀င်ရောက် ဖြေရှင်း ပေးခဲ့ရ ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်ပွားမှုနှင့်ပတ် သက်၍ အမှတ်(၁၂)ရပ်ကွက်၌ နေထိုင်သူဒေသခံအချို့နှင့် တွေ့ ဆုံရာတွင် ““ကျွန်တော် တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လာပြီး ဆိုင်းဘုတ်လာတပ်တယ်။ ဦးထွန်း ဦးနဲ့ ဦးမင်း ဇော်တို့ ဦး ဆောင်ပြီး လာတပ်တယ်။ လူ(၃၀)လောက် ပါလာတယ်။ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင် သိန်းလင်း ညွှန် ကြားချက်လို့ပြောတယ်”” ကျွန် တော်တို့နေလာတာ နှစ်(၂၀) ကျော်နေပြီ၊ စာသင် ကျောင်းတွေ စက်မှုဇုန်တွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ သာသနိ ကအဆောက်အအုံတွေနဲ့ မြို့ပြ စီမံကိန်းတွေဖြစ် ပေါ် နေပါပြီ။ အခုမှ သူတို့ပိုင်ပါတယ်ဆိုပြီး နေရာအနှံ့ ဆိုင်းဘုတ်တွေ လိုက် ကပ်ကြ တယ်။ ကျွန်တော်တို့ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာ တပ်တယ်။ ကျွန်တော်တို့ထွက်ပြီး ကန့်ကွက်တော့ သူတို့နဲ့ ကျွန် တော်တို့ ပြဿနာဖြစ်ကြတယ်။ လမ်းပေါ်မှာ လူတစ်ရာကျော် လောက်ဖြစ် သွားတယ်။ နောက် တော့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန် ရှိသူတွေ မြို့နယ်ပြည် ခိုင်ဖြိုးပါတီ အတွင်းရေးမှူးတွေ ရောက်လာ ပြီး ဖြေရှင်းပေးတယ်ဟု ရပ်ကွက် နေသူ တစ်ဦးကပြောသည်။

အမှတ်(၁၂)ရပ်ကွက်အုပ် ချုပ်ရေးမှူးကလည်း ““(၂၀-၄-၂၀၁၃)ရက်နေ့ နံနက် (၁၀)နာရီ ခွဲလောက်မှာ လူ(၃၀) လောက်နဲ့ ရပ်ကွက်နေတဲ့ သူတွေလမ်းပေါ် မှာ ပြဿနာဖြစ်နေတာသိလို့ ထွက်ကြည့်တော့ ကျွန်တော် တို့ ရုံးရှေ့မှာလာပြီး ခွင့်ပြုချက် မတောင်းဘဲ ဆိုင်းဘုတ်လာတပ် ထားတာတွေ့ရတယ်။ ဆိုင်း ဘုတ် တပ်တဲ့အတွက် ပြဿနာစဖြစ် တာလို့သိရတယ်။ တပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ထားပါတယ်။ ဆိုင်းဘုတ် တပ်တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ခွင့်ပြုချက်တစ်ခုမှ မပါဘူး””ဟုပြောသည်။

တစ်ဖန် မြို့သစ်ဖော်ထုတ် ရာတွင် ကွပ်ကဲရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ဖူးတော့သော ဗိုလ်ကြီး အောင်မြင့်(ငြိမ်း)နှင့် တွေ့ဆုံရာတွင် ““မြို့သစ်ဖော် ထုတ်စဉ်က လယ်သိမ်း ခံတောင် သူတွေကို အဲဒီအ ခါတုန်းက သင့် တင့်မျှတတဲ့ နစ်နာကြေးနဲ့ တစ်ဦး ကို မြေကွက် တစ်ကွက် ပေးခဲ့ပါ တယ်။ အတွင်းရေးမှူး(၂)ဗိုလ် ချုပ်ကြီး တင်ဦး ကိုယ်တိုင် ကြီး ကြပ်ကွပ်ကဲဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဒီအချိန်မှာ နစ်နာတယ်ဆို ပြီး စုံစမ်းရေး ကော်မရှင်ကို တိုင် ကြားထားရင် ကော်မရှင်ရဲ့ ဆောင်ရွက်ချက်၊ ညွှန်ကြားချက် အတိုင်း ဆောင်ရွက် သင့်တယ်။ ဖြစ်နိုင်တဲ့အနေအထားကို တင်ပြ တောင်းခံသင့်တယ်။ အခုလို လူ နေရပ်ကွက်ကို သူတို့လယ် တွေပါ ဆိုပြီး၊ ဆိုင်းဘုတ် လာတပ်တော့ အနှစ်(၂၀)ကျော်နေလာတဲ့ ရပ် ကွက်နေထိုင်သူတွေနဲ့ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ် တာပေါ့””ဟု ရှင်းလင်းပြောကြား ခဲ့သည်။

လယ်သိမ်းဆည်းခံ လယ် သမားတစ်ဦးမှလည်း ““အဲဒီတုန်း က ကျွန်တော် လယ်ဧက(၃၀) ကျော်ပါ သွားတယ်။ တစ်ချို့ လည်း ခံစားခွင့်ရကြတယ်။ ကျွန်တော်ကတော့ ယနေ့အထိ ဘာမှမရပါဘူး။ ဧပြီ(၉)ရက်နေ့ မှာ စုံစမ်းရေးကော်မရှင်က ဦး အောင်သိန်းလွင် လာသွားတယ် လို့ကြားတယ်။ (၁၁)ရက်နေ့မှာ (၁၁)ရပ်ကွက် ဓမ္မာရုံမှာ ဦးထွန်း ဦးနဲ့ ဦးမင်းဇော်တို့ ဦးဆောင် ကျင်းပတဲ့ ကော်မတီအစည်း အဝေးမှာ နစ်နာ သူ လယ်သမား တွေ နစ်နာမှုအတွက် စုံစမ်းရေး ကော်မရှင်ကို တင်ပြဖို့ပြောပြ တယ်။ တချို့ လယ် သမားတွေ လည်း လယ်မြေပေါ်မှာ နေအိမ် တွေပြန်လည်ဝင်ဆောက်နေကြ တယ်””ဟု ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

ရဲနန္ဒ
၀၉-၄၅၀၀၄၁၃၆၄
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်