Tuesday, April 23, 2013

ဘင်္ဂလာဒေခ်ျ့တွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း တိုက်ခိုက်ခံရ

Posted by drmyochit Tuesday, April 23, 2013, under | No comments

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသတွင် ဘုန်းတော် ကြီးကျောင်း (၂) ကျောင်း မီးရှို့ တိုက်ခိုက် ခံခဲ့ ရသည် ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် 2 Buddhist temples attacked ခေါင်းစဉ်ဖြင့် သ တင်း ဖေါ်ပြသည်။
( ဓါတ်ပုံ – The daily Star )
 
အမည် မသိ သူ များက စစ်တကောင်း ခရိုင် ပိုတီယာ ( Patiya) မြို့နယ်မှ ဘုန်းတော်ကြီး ကျောင်း တစ် ကျောင်း နှင့် မိဘမဲ့ကလေး ဂေဟာ တစ်ခုအား ၀င်ရောက် မီးရှို့ ဖျက်ဆီး သွားခဲ့ပြီး ဘော်ခါလီ မြို့နယ် အတွင်းမှ ဘုန်းတော်ကြီး ကျောင်း တစ်ခုကိုလည်း ၀င်ရောက် လုယက်ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။
 
အဆိုပါ တိုက်ခိုက်မူ များကို လွန်ခဲ့သော သုံးရက် အတွင်း  ကျူးလွန်ခဲ့ကြသည်ဟု သတင်းစာက ဆိုသည်။
ပိုတီ ယာမြို့နယ်  Mukut Knight ရွာမှာ တည်ရှိသော  Dhatu Chaittya ၀ိဟာ  ကျောင်းမှာ စနေနေ့ ည နေ ၃ နာရီခန့်တွင် မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
 
အဆိုပါ အချိန်က ကျောင်းထိုင် ဆရာတော်မှာ ကျောင်းစာအုပ်စာတန်းဝယယူရန်  အပြင်သို့ရောက် ရှိ နေ ကြောင်း သိရသည်။  ဆရာတော်၏ လတ်တော့ ကွန်ပျူတာ၊TV က အစ အားလုံး မီးလောင် ကုန်သည်ဟု ဆရာ တော်က ပြောသည်။ အဆိုပါနေ့တွင်ပင် တစ်ခြား မိဘမဲ့ ဗုဒ္ဓဂေဟာ တစ်ခုလည်း မီးရှို့ တိုက် ခံခဲ့ရ သည်။
 
မည်သူ ၀င် ရောက် မီးရှို့ သည်ကို တစ်စုံ တစ် ယောက်မှ ပြော ဆို နိုင်ခြင်း မရှိကြောင်း သိရသည်။
( ဓါတ်ပုံ – The daily Star )
 
ယမန်နေ့ နံနက် ကလည်း အဆိုပါ မြို့နယ်နှင့် ကပ်ရပ် တည်ရှိသော Boalkhali မြို့နယ်တွင် ဘုန်း တော်ကြီး ကျောင်း တစ်ခုထဲသို့ အမည်မသိသူများ ၀င်ရောက်လာပြီး ဘုရားဆင်းထုတော်ရှိ သင်္ကန်း များအား မီးရှို့ ဖျက်ဆီး ခဲ့ သည်ဟု ဆိုသည်။ ဘုရား ဆင်း တော် ငယ် (၅) ဆူနှင့် အလှူခံ သေတ္တာ တို့အား ယူဆောင် သွား သည် ဟု ဆိုသည်။
 
ယခု လုယက် ဖျက်ဆီး မူများသည် လွန်ခဲ့သော နှစ်က ရာမူး (ပန်းဝါ)တွင် ဘုန်းတော်ကြီး ကျောင်း ၂၁ ကျောင်း မီးရှို့ တိုက်ခိုက် ခံရပြီးနောက် ပထမဆုံး အကြိမ် ဗုဒ္ဓ ဘာသာ ကျောင်း များ ပြန် တိုက်ခိုက် ခံ ရခြင်း ဖြစ်သည်။
 
လွန် ခဲ့ သောနှစ် စက်တင်္ဘာလ တိုက် ခိုက်မူ အတွင်း ပိုတီ ယာတွင် ဘုန်း တော်ကြီး ကျောင်း (၂) ကျောင်း မီးရှို့ တိုက် ခိုက် ခံ ခဲ့ ရ သည်။
 
by: နိရဉ္စရာသတင်းဌာန 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်