Tuesday, April 23, 2013

ထိုင်းနိုင်ငံ ယာဉ်တိမ်းမှောက်မှု ၂ နေရာတွင် မြန်မာနိုင်ငံသားများ ပါဝင်

Posted by drmyochit Tuesday, April 23, 2013, under | No comments


ထိုင်းနိုင်ငံ အလယ်ပိုင်း  ဖစ်ချပူရီခရိုင် နဲ့ ချိုင်းယားနတ်ခရိုင်မှာ ဒီရက်ပိုင်းအတွင်း မော်တော်ယာဉ် မတော် တဆ ထိခိုက်မှုတွေ ဖြစ်ပွား ခဲ့ပြီး ယာဉ် ၂ စီးလုံးမှာ မြန်မာ နိုင်ငံသားတွေ ထိခိုက် ဒဏ်ရာ ရခဲ့ တယ်လို့ ထိုင်း သတင်း ဌာန တွေမှာ ဖော်ပြ သွားပါ တယ်။

ပထမ ဖြစ်စဉ်မှာ မြန်မာ နိုင်ငံသား တဦး မောင်း နှင်တဲ့ အဖြူ ရောင် နစ်ဆန် ဟိုင်းလပ် ကား တစ်စီးဟာ ဒီ မနက်စောစော ၂ နာရီ လောက်က  ဖစ်ချပူရီ ခရိုင်ခေါ်ယွဲ့ မြို့ နယ် နောင်ပရုန်း ရပ်ကွက် ထဲမှာ တိမ်းမှောက် ခဲ့ တာဖြစ်ပြီး စီးနင်းလိုက်ပါလာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၂၉ ဦးမှာ ၁၇ ဦး ဒဏ်ရာ ရခဲ့ တယ်လို့ ခေါ်ယွဲ့ မြို့နယ် ရဲစခန်း တာဝန် ရှိသူ တွေရဲ့ ပြောပြ ချက်ကို ကိုး ကားပြီး မန်နေဂျာ အွန်လိုင်း ထိုင်းသ တင်းမှာ ဖော်ပြသွားပါတယ်။

အဲဒီ အလုပ် သမားတွေ အားလုံးဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်က ရာဘာခြံ အလုပ် သမားတွေ ဖြစ်ပြီး သင်္ကြန်ပိတ်ရက် ကန်ချနာဘူရီ ခရိုင်က အပြန် ခုလို မတော် တဆ ထိခိုက်မှု ဖြစ်ပွား ရတာလို့ သတင်းမှာ ဖော်ပြ ပါတယ်။

ကားမောင်း သူဟာ အသက် ၃၈ နှစ်အရွယ် မောင်ကံ ဆိုသူဖြစ်ပြီး  အခင်းဖြစ်ပွားတဲ့ နေရာ အရောက် အရှေ့က ဖြတ်မောင်းတဲ့ ၁၀ ဘီးကားကို ရှောင်တိမ်း ရာမှာ အရှိန် မထိန်း နိုင်ဘဲ အိမ်တ အိမ်ရှေ့က အုတ်တိုင်ကို ၀င်တိုက်ပြီး တိမ်းမှောက် ခဲ့တာပါ။

ကားတိမ်း မှောက် မှုကြောင့် ဒဏ်ရာ ရသူ အားလုံးကို ခေါ်ယွဲ့ ပြည်သူ့ ဆေးရုံနဲ့ ဖရကျွမ်းကောက် ဆေးရုံမှာ တင်ထားရပြီး ကားမောင်း သူကို ရဲစ ခန်းက စစ်ဆေး မေးမြန်းဖို့ ခေါ်ယူ ထိန်းသိမ်း ထားကြောင်း၊ စီးနင်းလိုက် ပါလာသူ မြန်မာ အလုပ် သမား တွေရဲ့ သက်သေ အထောက် အထား တွေလည်း စစ်ဆေး မှာဖြစ်ပြီး တရားမ၀င် ၀င်လာ သူတွေကို လိုအပ် သလို အရေး ယူမယ်လို့ ခေါ်ယွဲ့ ရဲစခန်း အထူး စုံစမ်း စစ်ဆေးရေး ဌာနက ဗိုလ်မှူး အင်းထဆွန် ဖလုမ်းဟွမ်က ထိုင်း သတင်း ဌာနကို ပြောသွား ပါတယ်။

ဧပြီ ၂၂ ရက် မနက် ၅ နာရီ ခွဲကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချိုင်းယား နတ် ခရိုင် ဆန်ဖယား မြို့နယ်က အာရှ လမ်းမကြီး ပေါ်မှာ  ချင်းမိုင်- ဘန်ကောက်သွား ခရီးသည်တင် ၂ ထပ် ဘတ်စ် ကားကြီး တိမ်းမှောက် ခဲ့တာ ဖြစ်ပြီး အနည်း ဆုံးလူ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ချန်နယ် ၃ ထိုင်းတီဗွီသတင်းက ထုတ်လွှင့် သွားပါ တယ်။

အင်း ထရားထိုး ကုမ္ပ ဏီပိုင် ဘတ်စ် ကားဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ကနေ ဧပြီ ၂၁ ရက်နေ့ညက ထွက်ခွာ လာတာ ဖြစ်ပြီး ဘန်ကောက် မရောက်ခင် မိုင်တိုင် အမှတ် ၁၁၂ နဲ့ ၁၂၃ ကြားမှာ တိမ်းမှောက် ခဲ့ကြောင်း၊  ခရီးသည်တို့ ထွက်ဆို ချ က်အရ  အသက် ၅၀ နှစ် အရွယ် ကား သမား ဟာ အခင်း ဖြစ်တဲ့ နေရာမှာ အရှေ့က ကုန်တင် ကား တစီးကို ကျော်တက် ရာက အရှိန် မထိန်း နိုင်ဘဲ ကားဘီး လည်ပြီး ဘေးက ချောင်းထဲ ထိုးကျ သွားတယ်လို့ ထိုင်း သတင်းက ဖော်ပြ ပါတယ်။

ကားပေါ်မှာ လူပေါင်း ၄၈ ဦး စီးနင်း လိုက်ပါ လာပြီး  အနည်း အကျဉ်း ဒဏ်ရာ ရသူ တွေကို ကယ်ဆယ်ရေး လုပ်သား တွေက ရှေးဦး သူနာပြုစု ပေးကြောင်း၊  ဒဏ်ရာ ပြင်းတဲ့ ၁၀ ဦး ဆေးရုံ တင်ထား ရကြောင်း၊ အဲဒီထဲမှာ နိုင်ငံခြားသား ၃ ဦးပါပြီး မစ်စ ခန်းအောင်  လို့ ခေါ်တဲ့  အသက် ၄၅ နှစ် အရွယ် မြန်မာ နိုင်ငံက အမျိုး သမီး တဦးနဲ့ တရုတ် နိုင်ငံသား ၂ ဦး တို့ ဖြစ်ကြောင်း  ဆန်ဖယား မြို့နယ် ရဲစခန်းက ထိုင်း သတင်း ဌာနကို ပြောသွား ပါတယ်။

From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်