Tuesday, April 23, 2013

ဆီးရီးယားအတိုက်အခံခေါင်းဆောင်က ကမ္ဘာက တန်ပြန် ဆောင်ရွက်မှုမရှိခြင်းကြောင့် နှုတ်ထွက်မည်ဟု ပြောကြား

Posted by drmyochit Tuesday, April 23, 2013, under | No comments


ဒ မက် စက ပ်စ်၊ ဧပြီ ၂၂။ 

ဆီးရီးယား အတိုက် အခံ ခေါင်းဆောင် အာမက် မိုအာဇ် အယ်ကာ တစ်သည် အစိုးရ တပ်များ ၎င်းတို့ သိမ်းယူ ခဲ့သော နယ်မြေ များကို ပြန်လည် သိမ်း ယူခဲ့ခြင်းကို ကမ္ဘာက တန်ပြန် လုပ်ဆောင်မှု မရှိဟု ယူဆပြီး ရာထူးမှ နှုတ် ထွက်ရန် ဆုံးဖြတ် ထားကြောင်း လုပ်ဖော်ကိုင်ဖက်များက တနင်္ဂနွေ နေ့ တွင် ပြောကြားသည်။ 

သမ္မတ အယ်အာ ဆတ် တပ်ဖွဲ့သည် မြို့တော်အနီးနှင့် လကုပ်သစ် ရွေးချယ်ရေးအတွက် အကြံဥာဏ် တောင်းယူ ခြင်းများ လုပ် ဆောင် နေကြပြီဖြစ်ကြောင်း သိရသည်။ 

ညွန့်ပေါင်းအဖွဲ့ အဖွဲ့ဝင်ကော်မတီကို ဦးဆောင်သည့် မစ္စတာဟာဂျစ်က “မစ္စတာကာတစ်ဟာ ဆီးရီးယား ပြည်သူ တွေ ကိုယ်စား တစ်ကယ် မလုပ်ခဲ့လို့ နှုတ်ထွက် တာဖြစ်တယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆီးရီးယား မိတ်ဆွေ များ အုပ်စုဟာလည်း ဆီးရီးယားပြည်သူတွေ ကိုယ့်ကိုယ် ကိုယ် ကာကွယ် နိုင်ရေး အတွက် လက်နက်ကြီးတွေ ထောက်ပံ့ပေးသင့်ပါတယ်” ဟုပြောကြားသည်။ 

အစ္စတန်ဘူလ်တွင်ကျင်းပသည့် ဆွေးနွေးပွဲတွင် အမေရိကသည် လက်နက်ကိုင်အတိုက်အခံများကို လက်နက်များ မပါဝင်သည့် စစ်သုံး ထောက်ပံ့ပစ္စည်း များ နှစ်ဆတိုးထောက်ပံ့မည်ဟု ပြောကြားခဲ့သည်။ 

သမ္မတ အာဆတ်၏တပ်ဖွဲ့သည် လက်ဘနွန်နယ်စပ်အနီးရှိ အတိုက်အခံများသိမ်းပိုက်ထားသည့် ကူဆေ ယာမြို့အနီးသို့ တနင်္ဂနွေနေ့က ရှေ့တိုးလာခဲ့သည်။ 

အတိုက်အခံများက အစိုးရစစ်တပ်ကို လက်ဘနွန်ရှီအိုက်လှုပ်ရှားမှု ဟက်ဘိုလာမှ စစ်သားများက အကူ အညီ ပေးကြောင်း ပြောကြားသည်။ 

ကူဆေယာမြို့အနီးမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ဆံ ၄ ခုသည် လက်ဘနွန်အရှေ့ပိုင်း ဟာမယ်ဒေသသို့ ကျရောက် ကြောင်း သိရသည်။ 

လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက တနင်္ဂနွေနေ့အစောပိုင်းတွင် ဒုံးကျည်သုံးခုထိကြောင်း၊ နောက် တစ်ခု သည် နောက်ပိုင်းအချိန်တွင် ကျရောက်ကြောင်း သတင်းထုတ်ပြန်သည်။ 

ကူဆေယာဒေသသည် ဆီးရီးယားအတိုက်အခံများလက်အောက်တွင် တစ်နှစ်ရှိကျော်ပြီဖြစ်သည်။ 

“အစိုးရတပ် ဒီဒေသကို ဝင်ရောက်လာတဲ့အဓိက အကြောင်းပြချက်ဟာ ဟက်ဘိုလာတပ်ကြောင့်ဖြစ်တယ်၊ အစိုးရတပ်က လေကြောင်းက ကာပစ်ပေးနေချိန်မှာ ဟက်ဘိုလာတပ်ဟာမြေပြင်က ရှေ့တိုးလာတယ်” ဟု ကူဆေယာအခြေစိုက် အတိုက်အခံ ဟာဒီ အယ်အက်ဘဒယ်လာ က ပြောကြားသည်။ 

ဒမက်စကတ်မြို့အနီးရှိ ယာဒီဒက် အယ်ဖာဒီမြို့တွင်လည်း အစိုးရတပ်များ ငါးရက်ကြာတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ရှစ်ဆယ်သေဆုံး ခဲ့ရ ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ 

Ref:AFP
From:   မြန်မာ့ခေတ်  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်