Tuesday, April 23, 2013

ရထားလမ်းချော်အောင် လုပ်ဖို့ ကြံသူကို ကနေဒါမှာ ဖမ်းမိပြီ

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ရထားလမ်းချော်အောင် ကြံစည်မှု ဖော်ထုတ်နိုင်ခဲ့

ကနေဒါ နိုင်ငံမှာ ခရီးသည်တင် ရထားကို လမ်းချော်သွားအောင် အယ်ကိုင်းဒါး ကျောထောက် နောက်ခံ ပေးခဲ့တဲ့ အကြမ်းဖက် ကြံစည်မှုကြီး တခုကို သူတို့ ဖော်ထုတ် နှိမ်နင်း နိုင်ခဲ့ တယ်လို့ ရဲက ပြောပါ တယ်။

ကနေဒါ နိုင်ငံသားတွေ မဟုတ်သူ နှစ်ယောက်ကို ဖမ်းဆီး ခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ ပြစ်မှုတွေနဲ့ တရား စွဲဆို ထားတယ်လို့ ရဲက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းတုန်းက ရဲက စောင့်ကြည့် လေ့လာတဲ့ စစ်ဆင်ရေး တခု ဆင်နွှဲခဲ့ ပြီးတဲ့နောက် သူတို့ကို ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ကနေဒါရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ တိုရွန်တိုမြို့နားမှာ ရထားတွဲ လမ်းချော်သွားအောင် လုပ်ဖို့ သူတို့ ရည်ရွယ် ခဲ့ကြတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အပြစ်မဲ့တဲ့ လူတွေ သေဆုံး ဒဏ်ရာရမှု မဖြစ်ခဲ့ ပေမယ့်လည်း ဒီလို ဖြစ်အောင် ကြံစည်ခဲ့တဲ့ ခြိမ်းခြောက်မှုက ဖြစ်အံ့ ဆဲဆဲ ဘဲလို့ ရဲက ဆိုပါတယ်။

သူတို့ဟာ အီရန်က အယ်ကိုင်းဒါး အဖွဲ့တွေက နေ အထောက် အပေံ့တွ ယူခဲ့တာ တွေ့ရပြီး စုံစမ်း စစ်ဆေး မှုတွေ အရ အထောက် အပံ့ ဆိုတာက လမ်းညွန်မှု တွေပါလို့ လက်ထောက် ရဲမင်းကြီး ဂျိမ်းစ် မလီဇီယာက ဆိုပါတယ်။

ဒါပေမယ့် အခု သံသယ ဖြစ်ဖွယ် ကြံစည် မှုမှာ တော့ အီရန် အစိုးရက အထောက်အပံ့ ပါတာ မတွေ့ ရ ဘူးလို့ ရဲက ပြောပါတယ်။
From: BBC 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်