Tuesday, April 23, 2013

HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား

Posted by drmyochit Tuesday, April 23, 2013, under | No comments


Human Rights Watch ( HRW) မှ အစီရင်ခံစာ ထုတ်ပြန် ပြီးနောက်  အဆိုပါ အစီရင် ခံ စာပါ အချက် အလက် များကို အခြေခံပြီး မြန်မာ နိုင်ငံတွင် ဖြပ်ပျက် ခဲ့သော သတင်း များကို ဘင်္ဂလာ ရုပ်သံ လိုင်း များမှ ထုတ် လွှင့် ပြသ နေသဖြင့် ဗုဒ္ဓ ဘာသာဝင် လူနည်း စုများ အကြား စိုးရိမ် မူများ တိုးပွား နေကြောင်း သတင်း ရရှိ သည်။

“ ကျွန်မက မနေ့ကရော ဒီနေ့မနက် ကရော ဒီ နိုင်ငံက ရုပ်သံလိုင်း လိုလိုမှာ မြန်မာ သတင်းကို ထုတ်လွှင့် တာကို တွေ့ရ ပါတယ်။ အဲဒီမှာ ပြောတာက မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေကို ဗုဒ္ဓ ဘာသာ ၀င်တွေက လူမျိုးတုန်း သတ်ဖြတ် နေတယ် ဆိုပြီး  ပြောဆို ပါတယ်။ ပြီးရင် ဒီ သတင်း တွေနဲ့ အတူ ဗလီတွေ၊ လူတွေ သတ်ဖြတ် ခံနေရတဲ့ ပုံတွေကို ထုတ်လွှင့် ပြနေတဲ့ အတွက် ဒီမှာလည်း ပြဿနာ တွေ ပေါ်ပေါက် လာနိုင် တယ်လို့ ထင်မိတဲ့ အတွက် စိုးရိမ် မိတာ ဖြစ်ပါတယ်” ဟု ဒက္ကား မြို့က ရခိုင် အမျိုး သမီး တစ်ဦးက ဆိုသည်။

၎င်းပြင် ယနေ့ထုတ် သတင်းစာများတွင်လည်း HRW အစီရင်ခံစာကို ကိုးကားပြီး မြန်မာနိုင်ငံတွင် အစ္စ လာမ် ဘာသာ ၀င်များကို လူမျိုးတုန်း သတ်ဖြတ်မူများ ပေါ်ပေါက်နေပါသည်  ဆိုသော ခေါင်းစဉ်ဖြင့် သတင်း များ ရေးသား ဖေါ်ပြနေကြသည်။

၎င်းပြင် BBC မှ ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းနှင့် ပတ်သက်ပြီး သတင်းများ ဖေါ်ပြ ကြသည်။ လွန်ခဲ့ သော မတ်လက ဖြစ်ပေါ် ခဲ့သော  မိတ္ထိလာ အရေး အခင်း တွင် လုံခြံရေး တပ်ဖွဲ့ဝင် များက ဗုဒ္ဓ ဘာသာ တိုက် ခိုက် သူများမှ မူဆလင် များကို တိုက်ခိုက် နေသည့် အပေါ် တစ်စုံ တစ်ရာ ဟန့်တားခြင်း  မရှိဟု ဘီဘီစီ က ထုတ် လွှင့်သော ဗွီဒီယို မှတ်တမ်း တွင် ဖေါ်ပြ ထားသည် ဟု ဆိုသည်။

“ အခုလို မူဆလင် တွေကို သတ်နေ တယ် ဆိုတဲ့ သတင်းတွေ တက် လာတော့ ဒီနိုင်ငံက အစ္စလာမ် ဘာသာ ၀င်တွေက မကျေနပ် မူတွေ တိုးလာ နေတယ်။ ဒါကြောင့် ပြဿနာတွေ ပေါ်လာနိုင်တယ်။ မကျေနပ် သူတွေ က တိုက်ခိုက် မူတွေ ရှိကောင်း ရှိလာ နိုင် ပါ တယ်” ဟု ဆိုသည်။

ရခိုင် အရေး အခင်းမှာ လွန်ခဲ့သော နှစ် ဇွန်လနှင့် အောက်တို ဘာလက ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး  အခြေ အနေ အေး ဆေး တည်ငြိမ်မူ ရှိလာနေစဉ် HRW ၏ တဘက်သတ် ရေးသား ထုတ်ပြန်သော အစီရင် ခံစာ ကြောင့် ပြဿနာ များ ဆက်လက် ဖြစ်ပွားမည်ကို မြန်မာနိုင်ငံတွင် သာမက ဘင်္ဂလာဒေခ်ျ့တွင် စိုးရိမ် လာကြ ခြင်း ဖြစ် သည်။

by:နိရဉ္စရာသတင်းဌာန 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်