Tuesday, April 23, 2013

မလေးရှားဒါရိုက်တာနှင့် အိန္ဒိယစက်အဖွဲ့သားများပူးပေါင်းကာ မြန်မာ့အနုပညာရှင်များဖြင့် ဇာတ်ကားရိုက်ကူးမည်

Posted by drmyochit Tuesday, April 23, 2013, under | No comments


မလေးရှား နိုင်ငံရောက် မြန်မာ လုပ်သား အချို့၏ ဖြစ်ရပ် မှန်အား မလေးရှား ဒါရိုက်တာနှင့် အိန္ဒိ ယ စက် အဖွဲ့သားများ ပူးပေါင်းကာ မြန်မာ အနု ပညာ ရှင် များဖြင့် ဇာတ်ကားတစ်ကား ရိုက်ကူး ရန် စီစဉ် ထား သည်ဟု သတင်းရရှိသည်။

အဆိုပါ ဇာတ်ကားကို မလေးရှား ရုပ်ရှင် ထုတ်လုပ် ရေးမှ ရိုက်ကူး ထုတ်လုပ် သွားမည် ဖြစ်ပြီး လိုအပ် သည့် ရိုက်ကွင်း နေရာများနှင့် အခြေခံ အချက်အ လက်များ အတွက် မလေးရှား
နိုင်ငံမှ ထုတ်လုပ်သူ၊ ဒါရိုက်တာများ၏ ဖိတ်ခေါ်ချက်အရ မြန်မာ နိုင်ငံမှ ရှုတင် မန်နေဂျာ ကိုစတီးလ်က သွားရောက် လေ့လာ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ “ကျွန်တော်တို့ နိုင်ငံမှာလည်း မလေးရှား ဒါရိုက်တာ အဖွဲ့က ဇာတ်ကား တစ်ကား လာရောက် ရိုက်ကူး ခဲ့တယ်။ အဲဒီ  ဒါရိုက်တာကပဲ အခု ဇာတ်ကားကို ရိုက်ကူးဖို့ စီစဉ် ခဲ့တာပါ။ ဒီဇာတ်ကားမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တစ်ယောက် မတော် တဆကြောင့် မလေးရှား နိုင်ငံတွင် ဆုံးပါး သွားပြီး နောက်ပိုင်း သင်္ဂြိုလ်ဖို့ အခက် အခဲ ဖြစ်တာကို မလေးရှားမှာ ရှိတဲ့ နာရေး ကူညီမှု အသင်းက ကူညီ ပေးလိုက်တဲ့ ဖြစ်ရပ်မှန် ပါ။ အဲဒါလေးကို အခြေခံပြီးတော့ မလေးရှား နိုင်ငံရောက် မြန်မာ အလုပ်သမား တွေအနေနဲ့ အခက်အခဲ တွေ ရှိလာတဲ့ အခါ ဘယ်လို ဖြေရှင်းရမယ် ဆိုတာရယ်၊ ဘယ်လို အကူအညီ တောင်းရမယ် ဆိုတာတွေကို Message ပေးဖို့ ရည်ရွယ် ရိုက်ကူး မယ်လို့ သိရ ပါတယ်။ မလေးရှား နိုင်ငံမှ နာရေး ကူညီမှု အသင်း ရုံးခွဲ နဲ့လည်း သွားရောက် ညှိနှိုင်း ခဲ့ပြီး ပါပြီ။ သရုပ်ဆောင် ရွေးချယ်တဲ့ အပိုင်းကတော့ ဆက်လက် လုပ်ဆောင် သွားမှာပါ” စု မလေးရှား နိုင်ငံတွင် ဇာတ်ကား ရိုက်ကူးမှုနဲ့ ပက်သက်၍ ရှုတင် မန်နေဂျာ ကိုစတီးလ်က ရှင်းပြခဲ့ပါတယ်။

မလေးရှား ဒါရိုက်တာမှာ Vninra Iravl ဟု အမည် ပေးထားသည့် အိန္ဒိယ ရုပ်ရှင် ဇာတ်ကားကို ကင်မရာ မန်းနှင့် မင်းသား၊ မင်းသမီး တို့ဖြင့် မြန်မာ နိုင်ငံ၌ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက လာရောက် ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


REF: Weekly Eleven Journal
From: Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်