Tuesday, April 23, 2013

စော်ဘွားကြီးကုန်းဝင်းတွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံး

Posted by drmyochit Tuesday, April 23, 2013, under | No comments


ရန်ကုန်မြို့ အင်းစိန် မြို့နယ် စော်ဘွားကြီး ကုန်းမှာ အိမ်ဆောက် ပစ္စည်း တွေ ရောင်းချ တဲ့ ၀င်း အ တွင်းက ငွေလမင်း သံပစ္စည်း ရောင်းဝယ်ရေး ဆိုင်မှာ ဒီနေ့ နေ့ လယ် ၂ နာရီ ခွဲလောက်မှာ ပေါက်ကွဲမှု တခုဖြစ် ခဲ့ပြီး လူကြီး ၂ ဦးနဲ့ ကလေး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိ သွားပါတယ်။

အခင်း ဖြစ်ပွားရာ နေရာ ရောက် နေတဲ့ ဒီဗွီဘီ သတင်းထောက် အောင်စိုးထိုက်က “စော်ဘွားကြီး ကုန်း ၀င်းထဲ မှာ ပေါက်ကွဲ မှုဖြစ် တယ်။ အိမ်ဆောက် ပစ္စည်း ရောင်းနေတဲ့ ငွေ လမင်းဆိုင်။ ပေါက် တာက သံတွေ ဘာတွေ ဖြတ်တဲ့ အခါမှာ သုံးတဲ့ လေအိုး ရှိတယ်။ အဲဒီ လေအိုး ကနေ ပေါက် ကွဲတာ။ အလုပ် သမား ၂ ယောက်ရယ်၊ ကလေး ၁ ယောက် သေ သွားတယ်။ ဒဏ်ရာ ရသူ ၄ ယောက်ကိုတော့ အင်းစိန် ဆေးရုံ ကို ခေါ်သွားတယ်။ အဲထဲမှာ အမျိုးသမီး တယောက်လည်း ပါတယ်” လို့ ပြော ပါတယ်။

သေဆုံး ဒဏ်ရာ ရမှု အခြေ အနေကို အခင်း ဖြစ်ပွားရာ ရောက်ရှိ နေတဲ့ ရဲ တပ်ဖွဲ့ ကလည်း အတည်ပြု ပြီးပြီလို့ ဆိုပါတယ်။

“အခု လာပြီးတော့ သေတဲ့ သူတွေ ကို လာဖော် ထုတ်နေ တယ်။ လော လော ဆယ် ဒေသခံ ရဲတွေ ရောက်လာ တယ်။

ပေါက်ကွဲ မှုဖြစ်ပွား ပေမယ့် မီးလောင်ကျွမ်းမှု မရှိဘဲ အနီး အနားက ဆိုင်အ တော် များ များလည်း ပျက်စီး ကုန်တယ်လို့ ဒီဗွီဘီ သတင်း ထောက်က ပြော ပါတယ်။

“လေအိုး ပေါက်တာ ဆိုတော့ မီးမ လောင်ဘူး။ အနီး အနားက ဆိုင်တန်း ကြီး ဆိုတော့ ကျန်တဲ့ ဆိုင်တွေ အကုန် လုံးလည်း ပျက်စီး ကုန်တယ်။ အနီးနား ဆိုင်တွေက တော်တော် လေးကို ပျက်စီး သွားတယ်။ ဘေး ပတ်ဝန်းကျင် မှာတော့ လူတွေ အထိ အခိုက် မရှိဘူး။

From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်