
ရဟတ် ယာဉ်ကို ပိုင်ဆိုင်သည့် အာဖဂန်မှ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုက ရဟတ်ယာဉ်သည် တောတောင် ထူထပ်သည့် လိုဂါခရိုင်မှ အာဇာဒေသတွင် ဆင်းသက်ခဲ့ရပြီး ယင်းနေရာသည် တာလီဘန်တို့ အပြည့် အဝနီးပါး ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ ရဟတ်ယာဉ်ပေါ်တွင် တူရကီ နိုင်ငံသား အင်ဂျင်နီယာ (၈)ဦး၊ အာဖဂန်သား (၁)ဦးနှင့် ရုရှားလုပ် ရဟတ်ယာဉ်၏ ပိုင်းလော့ (၂)ဦးတို့ လိုက်ပါ လာပြီး အားလုံး အဖမ်းခံရသည်။ ပိုင်းလော့များအနက် ရုရှားနိုင်ငံသား တစ်ဦးဖြစ်ပြီး ကျန်တစ် ဦးမှာမူ ရုရှား (သို့မဟုတ်) အာရှအလယ်ပိုင်း နိုင်ငံတစ်ခုခုမှ ဖြစ်နိုင်ပြီး တိတိကျကျ မခွဲခြားနိုင်သေးဟု သတင်း များက ဖော်ပြသွားသည်။
Source: NY Times
From: Planet Myanmar Network
0 comments:
Post a Comment