ပြည်၊ဧပြီ
၂၂။
ပြည်မြို့ မြို့လယ်ခေါင်၊ လမ်မတော်လမ်းမရှိ အောင်ပိုင်ဖြိုး နာရီဆိုင် ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် အသက် (၅၂)သည် နေအိမ် ရေချိုးခန်း ထဲ၌ မျက်နှာ ဖူးရောင် ဒဏ်ရာ များနှင့် လဲကျ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း ပြည်မြို့ အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝေက ပြောကြားသည်။
“ကျွန်တော် တို့ဆီ
ည(၁၀)နာရီက ဖုန်းဝင်လာတယ်။ အခင်းဖြစ်တဲ့နေရာ ဘယ်သူမှမ၀င်ရဲဘူး။ အရှေ့ တံခါးက ၀င်တယ်။
ပစ္စည်းတွေ ပွလံ ကျဲနေတယ်။ နေရာတစ်ကွက် ဖရို ဖရဲဖြစ် နေတယ်။ ရေချိုးခန်း တံခါးကို ဆွဲဖွင့် လိုက်တော့ ရေချိုးခန်း တံခါးကို ဆွဲဖွင့် လိုက်တော့ အလောင်းကို တွေ့ရ တော့တာပဲ”ဟု ၎င်းက ပြောကြားသည်။
ဆိုင်ရှိ
ပစ္စည်းများ အနည်းငယ် ပျောက်ဆုံး နေသည်ဟု ယူဆ ရကြောင်း၊ သေဆုံး သူ၏ အစ်မ ဖြစ်သူက စာရင်းများ ပြုစုနေပြီ
ဖြစ်ကြောင်း၊ သေဆုံးသူ၏ သားဖြစ် သူကို မေးမြန်း၍ မရသေးကြောင်း မြို့မရဲစခန်းမှ သိရသည်။
အမှုကို
ပ-၂၉၁/၂၀၁၃ ပုဒ်မ၃၀၂ဖြင့် အရေးယူ ဆောင်ရွက် ထားပြီး စခန်းမှူး ဒုရဲမှူး ဦးဝင်းခိုင်မှ
တာဝန် ယူ စစ် ဆေးဆောင်ရွက်လျက် ရှိကြောင်း မြို့မ ရဲစ ခန်းမှ သိရသည်။
ကိုရေခဲ(ပြည်)
Time in Rangoon






0 comments:
Post a Comment