Tuesday, April 23, 2013

ဒေါက်တာ ဆိတ်ဖွား ကို ဖော်ထုတ် နိုင်ပြီဟု ကောမရှင် ဥက္ကဌ ပြောကြား

Posted by drmyochit Tuesday, April 23, 2013, under | No comments



ရန်ကုန် ၊ ဧပြီ ၂၂

လွှတ်တော် ကိုယ်စားလှယ်များကို Above the Law (ဥပဒေ အထက်တွင် လွှတ်တော် ရှိနေသလား) ဆိုသော ခေါင်းစဉ် ဖြင့် အင်တာနက်ပေါ်တွင် ဝေဖန် ရေးသား ခဲ့သော ဒေါက်တာ ဆိတ်ဖွားကို စုံစမ်း ဖော်ထုတ် နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာ ဆိတ်ဖွား စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဦးမြငြိမ်းက The Voice သို့ ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော ယင်းကော်မရှင်က ဒေါက်တာ ဆိတ်ဖွား အမည်ဖြင့် အင်တာနက် စာမျက်နှာ ဖန်တီးပြီး လွှတ်တော်အား ဝေဖန် နေသူကို နှစ်လကျော် ကာလ အတွင်း ဖော်ထုတ် နိုင်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ် အရေးယူ နိုင်ရန် ယင်း ကော်မရှင်က သမ္မတရုံး ဒုတိယ ၀န်ကြီး၊ ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများ၊ တပ်မတော်သား ကွန်ပျူတာနှင့် Network တာဝန်ခံများ၊ သတင်းစာ ဆရာများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကို စစ်ဆေး ကြားနာပြီး အစီရင် ခံစာ ရေးသားကာ ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြ အဆုံးအဖြတ် ရယူခဲ့ ရခြင်း ဖြစ်ကြောင်း ယင်း ကော်မရှင် အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

ဒေါက်တာ ဆိတ်ဖွားအနေနှင့် သက်ဆိုင်ရာ တရားရုံးမှ ပြန်လည် ခုခံ ပိုင်ခွင့်ကိုလည်း ကော်မရှင်တွင် ပါဝင်သည့် ဥပဒေ ပညာရှင်များက အကြံပြု တင်ပြ ထားကြောင်း ၎င်းက ပြောသည်။
  
“ကာယကံရှင်ကို မထိ ခိုက် စေချင်လို့ နာမည်ကိုတော့ ထုတ်မပြော လိုပါဘူး။ နာယကကြီး ဆုံးဖြတ်ချက် ချပြီး ပါပြီ” ဟု ဦးမြငြိမ်းက နာမည် အတိ အကျ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုသည်။

သို့သာ် ဒေါက်တာ ဆိတ်ဖွား အမည်ဖြင့် အင်တာနက် ဆောင်းပါး

ရေးသားသူမှာ အယ်ဒီတာချုပ်ခင်မောင်ညို (ဘောဂဗေဒ)၏ The Street View ဂျာနယ်တွင် ဆောင်း ပါးရေး သား ဖူးသူဖြစ်ကြောင်း ဦးမြငြိမ်းက အရိပ်အမြွက် ပြောကြားသည်။

(ယနေ့ ထုတ် The Voice Daily သတင်းစာမှ ကူးယူပါသည်)

Credit: Aungmyo Tun 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်