Tuesday, April 23, 2013

မူးယစ်ဆေးမှုအပါအ၀င်အမှုများဖြင့် ထောင် ၃၂ နှစ်ကျခံနေသူက ပြင်ပလူတစ်ဦးကို ဖုန်းဖြင့် ဆက်သွယ် ခြိမ်းခြောက်

Posted by drmyochit Tuesday, April 23, 2013, under | No comments

မကွေးတိုင်း ဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီး မြို့နယ် တောင်ပြင် ၁ ရပ်ကွက်၊ အိမ် အမှတ် ၄၉ ဒက်္ခိဏ ကျောင်းလမ်း နေ ကိုမိုးဇော်ထံသို့ ၁၅.၄.၂၀၁၃ ရက်နေ့ ည ၉း၁၀ အချိန်ခန့်တွင် ၎င်း၏ မိတ်ဆွေ ဖြစ်သူ မမီမီစိန်၏ ယခင် အမျိုးသား ဦးကို ကြီး ဆိုသူ သည်ထောင် ထဲမှ ဖုန်း ဆက်၍ ကို မိုးဇော်၏ အိမ်၌ မမီမီ စိန် နှင့် လက်ရှိ ခင်ပွန်းမောင်မောင်တင် အား အိမ်မှာလက်ခံထားပါက လက် ခံထား သည့် အိမ် များ အား မူးယစ် ဆေးဝါး တစ်ခု ခု ပစ်ပြီး ရဲဖြင့် ရှာဖွေ ဖမ်း စီး မည်။ ၎င်းင်းအိမ်များ အား ရဲတပ်ဖွဲ့အား လာရှာခိုင်း မည်။ 
ရဲ တပ် ဖွဲ့ဖြင့် ရှာ မတွေ့ ခဲ့ပါ က စသုံး လုံးဖြင့် ထပ်ရှာ မည်ဟု ထောင်ထဲမှ ဖုန်းဆက်၍ ခြိမ်းခြောက် မှုများ ပြုလုပ် နေသော ကြောင့် ကို မိုးဇော်၏ မိသား စုမှာ စိုးရိမ် ကြောင့်ကြ မကင်း ဖြစ်နေ ရပါ သောကြောင့် ယင်း ခြိမ်း ခြောက်မှု များအား မကွေးတိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ မှူး ရုံးသို့ လိပ် မူ၍ ကြိုတင် အသိပေး အသနား ခံ တင်ပြထား ကြောင်း သိရှိရသည်။ 
အဆိုပါ မမီမီစိန်၏ ယခင် ခင်ပွန်း ဖြစ် သူ ဦး ကိုကြီး ဆိုသူမှာ မူးယစ် ဆေးဝါးမှု လက်နက် ကိုင်ဆောင်မှု၊ လူ ပြန်ပေး  ဆွဲမှု၊ တပ် မတော် အယောင် ဆောင် မှု၊ ကား လိုင်စင်မဲ့ မှူး တို့ဖြင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေး အိုးဘို ထောင်တွင် ထောင်ဒဏ် (၃၂) နှစ်ကျခံနေရသည်ဟု သိရှိရပြီး ဦးကိုကြီးနှင့် မမီမီ စိန် တို့ သည် ယင်းအ မှုမဖြစ်ခင် က ပင် တရားဝင် ကွာရှင်း ပြတ်ဆဲ ခဲ့သည်ဟု မမီမီစိန် ၏ ပြောပြ ချက် အရ သိရှိ ရပါ သည်။ 
ဦးကိုကြီး၏ ခြိမ်းခြောက် ခံရသူ ကို မိုးဇော် မိသား စုမှာ ဦးကို ကြီး၏ ထောင် ချောက် ဆင် ဖမ်း စီး မည်ကို ကြောက် ရွံ့စိုး ရိမ် ပူပန် ဖြစ် နေ ရ ပါ သော ကြောင့် ဥ ပ ဒေ နှင့် အညီ လို အပ် သလို ကူညီ အကာ အကွယ် ပေးနိုင်ရန် ကိုမိုး ဇော် (ကားဘော် ဒီ လုပ်ငန်း လုပ်ကိုင် နေသူ)မှ တိုင်း ဒေသကြီး ရဲ တပ် ဖွဲ့မှူး ရုံး မကွေး တိုင်း ဒေသကြီး၊ မကွေး မြို့နှင့် သက် ဆိုင်ရာ တာဝန် ရှိသူ များထံ ကာကွယ် ကူညီ မှုများ ပေးနိုင်ရန် အားကိုး ယုံကြည် စွာဖြင့် အသနား ခံစာ ပေးပို့ တင်ပြ ထားကြောင်း စုံစမ်း သိရှိရပါသည်။
ဦးကိုကြီး ဆိုသူက ထောင် အတွင်းမှ ဆက်သွယ် ခြိမ်းခြောက် ပြောဆို ရာတွင် အသုံးပြု ခဲ့သော ဖုန်း များမှာ ၀၉- ၄၀၂၅၉၃၇–နှင့် ၀၉- ၄၀၂၆၂၅၇–တို့ဖြစ် ကြောင်း သိရသည်။



ဟင်္သာ(တောင်တွင်းကြီး)
From: The Hot News  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်