Tuesday, April 23, 2013

ကားတိုက် ခံရ၍ အမှု ဖွင့်ရန် လာသူ များကို ရဲဝန်ထမ်း (၃၀)ခန့် ၀ိုင်းဝန်း ရိုက်နှက်ပြီး ၀တ္တရား နှောက်ယှက် မှုဖြင့် အမှုဖွင့်

Posted by drmyochit Tuesday, April 23, 2013, under | 2 comments


ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ဧပြီလ (၁၆) ရက် နေ့ မဟာ သင်္ကြန် အတက်  နေ့က စံပြ (၅) လမ်းရေကစား မဏ္ဍပ် ရှေ့တွင် စူပါစလွန်းဘင်ကား  တစ်စီး ၀င်တိုက် သွားသည့် သူကို စံပြ  ဆေးရုံသို့ ဦးစွာ ပို့ဆောင်ခဲ့သော် လည်း ငွေကြေး ခက်ခဲ ခြင်း ကြောင့် ဆေးရုံမှ ပြန်လာ ကာ ရဲ စခန်းသို့ သွားရောက် ပို့ဆောင် သည့် လူငယ်  ဦးမောင်ဇင်ကိုကို (၁၈) နှစ်၊ ကုလား (ခ) ပြည့်ဖြိုး ပိုင် (၂၀) နှစ် (ကားတိုက် ခံရသူ) မောင် အောင်ကိုကို (၂၁) နှစ် (ဦးခေါင်းကွဲ၊ စံပြဆေးရုံတွင် ကုသပြီး နေအိမ်တွင် ဆေးကု သမှု ခံယူနေ)၊ ဦးသိန်းလှိုင် (၄၅) နှစ် (မျက်နှာတစ်ခြမ်းညိုမဲစွဲ)စသည့် (၄) ဦးကို သင်္ဃန်းကျွန်း ရဲစခန်း ၀န်းထဲမှ ရဲဝန် ထမ်း အင်အား (၃၀) ခန့်က သံတုတ် နံပတ်တုတ် စသည်တို့ဖြင့် ၀ိုင်းဝန်း ရိုက် နှက် ခဲ့ သော ကြောင့် ဒဏ်ရာအနာတရ များရရှိခဲ့သော်လည်း ၀ိုင်းရိုက် သည့်  ရဲစခန်းမှ ရဲများကိုအရေးယူခြင်း  မပြုသည့် အပြင် ပြည် တွင်းမီ ဒီယာ တစ်ခုဖြစ်သည့် တွင် ထိုသတင်းကို ဖော်ပြရာ၌ “သင်္ဃန်းကျွန်း ရဲစခန်း ၀န်း အတွင်း ဒု ရဲအုပ် တစ်ဦးကို ၀ိုင်းဝန်း ထိုးကြိတ် မှု ဖြစ်ပွား”ဟူသော ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြ ခဲ့သော ကြောင့် ကာယ ကံ ရှင် များက မကျေနပ်၍ ပြည်သူ လွှတ်တော် ကိုယ် စားလှယ် အား သွားရောက် တိုင် တန်း သော အခါ “ရဲတွေ ဆိုတာ လည်းပြည် သူ ပါပဲ။ 

ငယ်တဲ့ အမှုကို ကြီးအောင်  လုပ်ရင် ရဲတွေ ဖြစ်တဲ့ ပြည်သူ တွေပဲ  ဒုက္ခ ရောက်မှာ ကြီးကြီး ကျယ်ကျယ် တွေမ လုပ် တာ အကောင်းဆုံးပါပဲ” ဟု ဖြောင့်ပြ လွှတ်လိုက် သောကြောင့် ကာယကံ ရှင်ပြည်သူ (၄) ဦးက Hot News Journal  တိုက်သို့လာ ရောက်ရင် ဖွင့်ခဲ့ကြ ပါသည်။ ဦးခေါင်းတွင်အရေပြားကွဲ  ပြီးဆေ့း ရုံက ဆင်းခိုင်း သဖြင့် နေအိမ်တွင်  ဆေးကုသမှုခံယူနေဆဲဖြစ်သည့် အသက် (၂၁) နှစ်အရွယ် ကိုအောင် ကို ကိုက သူကြုံတွေ့ခဲ့ ရသည့်အဖြစ်အပျက်အားပြောပြ ရာတွင် ““အစ်ကိုစဉ်းစားကြည့်ဗျာ၊ တာဝန် သိပြည် သူအနေနဲ့ သင်္ကြန်  မှာ ကားတိုက်ခံရတဲ့ လူကိုဆေး ရုံပို့ပေမဲ့ငွေကြေးအခက်အခဲကြောင့် ပြန်ဆင့်ပြီး တာဝန်နဲ့ မဏ္ဍာပ်ကို လာတဲ့ ရဲကိုအကူအညီတောင့် တာငါနဲ့ မဆိုင်ဘူးဆိုပြီး မလုပ် ပေးလို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သင်္ဃန်းကျွန်းရဲ့စခန်းသွားပို့တာ ကို သင်္ဃန်းကျွန်းရဲ့စခန်းထဲက ပြည်သူ့ ရဲဆိုတဲ့ ရဲဝန်ထမ်း တွေက ၀ိုင်းရိုက်တာဗျာ။ တစ်ယောက်ဆို တစ်ကိုယ်လုံးညိုနေတယ်။ 

တစ်ယောက်ဆိုမျက်နှာတစ်ခြမ်း  ညိုမဲစွဲသွားတယ်၊ ကျွန်တော်ဆို ခေါင်းကွဲ သွားတယ်။ အဲဒါကိုချုပ်ပေးပြီး တော့ ဆရာဝန်ကဆေးရုံကနေ ဆင်းခိုင်းတယ်။ အဲဒါကို မကျေ နပ်လို့လွှန်တော်အမတ်ကို သွား  တိုင်တဲ့အ ခါသူ က ဘာပြောလဲဆို တော့ “ရဲတွေဆိုတာလည်း ပြည်သူ  ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင်  လုပ်ရင်ရဲ တွေဖြစ် တဲ့ ပြည်သူတွေ ပဲ ဒုက္ခရောက်မှာ ကြီးကြီးကျယ် ကျယ်တွေမလုပ်တာအကောင်းဆုံး  ပါပဲ”ဟု အစ်ကို ရယ်။ စဉ်းစားကြည့်  ပါ ကျွန်တော်တို့မိဘနေရာမှာ သူသာဆိုရင်အဲဒီစကားမျိုးပြောပါ့ မလားဗျာ”ဟု ပြောကြား သည်။

၎င်းတို့၏အဒေါ်တော်စပ် သူဒေါ်စန္ဒာဝင်းကရဲစခန်းအပြင်  မှာနေ၍ သူတွေခဲ့ရသည့်ဖြစ်စဉ် ကို ပြောပြ ရာတွင် “ရဲတွေက ဒီကောင်တွေကိုအသေသတ်ဆို ပြီးတော့ အရေးပေါ်သံပေးပြီးတော့  ကျွန်မတူ လေး တွေ ကို ၀ိုင်းရိုက်နေ တာကို ကျွန်မရင်နာနာနဲ့ မြင်ခဲ့ ရပါတယ်။ ပြည်သူလူထုကိုဒီလို ဆက်ဆံ တဲ့ရဲတွေ မြန်မာ နိုင်ငံမှာ မရှိသင့်ဘူးလို့ပဲ ကျွန်မအဓိက ယူဆပါတယ်”ဟု ပြောကြားသည်။ ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ (၄) ဦး အား သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၁၅၈/၁၃၊ ပုဒ်မ (၃၃၂/၁၁၄) ပြည်သူ့ဝန်ထမ်းအားတာဝန်ဝတ္တ ရားဆောင် ရွက်ခြင်းမှ ဟန့်တား ရန် မိမိအလိုလျှောက်နာကျင်စေ မှုတို့ဖြင့် အရေးယူထားပြီးထိုသူ (၄) ဦးအား အာမခံပေးရန်တောင်း  ဆိုခဲ့သည့်လေးထောင့်ကန်ရပ်ကွက်  နေရဲဝန်ထမ်းဟောင်းတစ်ဦးက “ကျွန်တော် ကသင်္ဃန်းကျွန်း ရဲစခန်း  မှာ ပြဿနာ ဖြစ်တယ်လို့ကြားတော့  ရဲဝန်ထမ်းဟောင်း တစ်ဦး အနေ နဲ့ သွားကြည့် ခဲ့တယ်။ 

ဟိုရောက် တော့ ရဲတို့ရဲ့ လုပ်ထုံးလုပ်နည်းထက် ကျော်လွန်ပြီး ဖွတ်ဖွတ်ညှစ်ညှစ်  ရိုက်ခံထားရတာကို ကျွန် တော် တွေ့ရတယ်။ အဲဒီအထဲမှာ အောင်ကိုကိုဆိုတဲ့ ကလေးက ခေါင်းကွဲသွားတယ်။ အဲဒီဒဏ်ရာ ကို စံပြ ဆေးရုံ သွားပြတော့ ခေါင်း ကို ၈ တန် ချုပ်ခဲ့ရတယ်။ သူတို့ (၄) ယောက်လုံးကိုအာမခံနဲ့ ထုတ်ပြီး သူတို့ ခန္ဓာကိုယ် အနှံ့ကို ကြည့်လိုက်တဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်းစတဲ့ နေရာ တွေ ဖူးရောင်ပြီး ထိခိုက် ထားတာ ကို ကျွန်တော်မျက်မြင်ကိုယ်တွေ့  တွေ့ခဲ့ရပါတယ်။ 

ပြည်တွင်းမီဒီယာ နဲ့ ပတ်သက်ပြီးပြော ချင်တာကတော့ မီဒီယာဆိုတာ ဘာပဲဖြစ်ဖြစ်နစ်နာသူဘက်ကနေ မှန်မှန် ကန် ကန်ရပ် တည်တာဟာ စစ်မှန်တဲ့ မီဒီယာလို့ကျွန်တော် ယူဆထားပါတယ်လို့ပဲ ပြောချင်  ပါတယ်”ဟု တာဝန်သိစိတ်ဖြင့်  ၀င်ရောက်ကူညီပေးနေသည်ရဲဝန်  ထမ်းဟောင်းတစ်ဦးက ၎င်းင်းမြင် တွေ့ရပုံ နှင့် ၎င်း၏အမြင်ကိုပြော သည်။ ဘင်ကားတိုက်ခံရသူစံပြ ၆ လမ်းနေနာမည်ပြောင်ကိုကုလား နာမည် အရင်း ပြည့်ဖြိုးပိုင်က “ကျွန်တော့်ကိုတိုက်သွားတဲ့ ကာနာပတ်ကိုတော့ မမှတ်မိလိုက် ဘူး။ ကျွန် တော် ကား တိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားပြီး အကူအညီတောင်းတဲ့ အခါမှာ ကျွန်တော် နဲ့ ကျွန်တော် သူငယ်ချင်းသုံးရောက်ကိုရဲတွေ က ၀ိုင်းရိုက်ခဲ့ပါတယ်။ 

ရဲစခန်း သွားပြောပြောချင်းရိုက်တာမဟုတ်  ပါဘူး။ ကျွန်တော်တို့ရဲစခန်းဝင် ပြီး အကူညီတောင်းတဲ့အခါမှာ ဒုရဲအုပ် ကိုညီညီအောင်က ကျွန်တော်တို့ကို “ညီလေးတို့ ဒီကိစ္စက ယဉ်တိုက်မှုဖြစ်တဲ့ အတွက် ယဉ်ထိန်း ရဲနဲ့ဆိုင် တယ်။ အစ်ကိုတို့နဲ့ ဒိုက်ရိုက်မပတ်သက်   ဘူးလို့” အေးဆေးစွာရှင်းပြနေတဲ့ အချိန်မှာ တာဝန် မှူးမျိုး ကျော်ဆို တဲ့ သူရောက်လာပြီးတော့ “မော့ကောင်တွေ မင်းတို့က ဘယ်က  ကောင်တွေလည်း ဘာကိ စ္စကို အမှုဖွင့်မှာလည်း စခန်းမှာရုတ်စိစိ  နဲ့ ငြိမ်ငြိမ်ထိုင်နေစမ်း”အဲလိုပြော တဲ့အချိန်မှာ နောက် ထပ်စွတ် ကျယ်  နဲ့ ပုဆိုးဝတ်ထားတဲ့ ရှဲဝန်ထမ်းတစ်  ယောက်ကညစ်ညမ်းစွာဆဲရေး တိုင်းထွာပြီး ၀င်ရောက်ရိုက်နှက် တော့။ 

ပထမတော့ ကျွန်တော် တို့ငြိမ်ခံနေခဲ့ပါတယ်။ နောက် နာကျင်လာတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ ခံပြီး ထွက်ပြေး  ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာရဲတစ်ယောက်အရေး ပေါ်ဥသြ ဆွဲပြီးအ ရေးပေါ်၊ အရေး   ပေါ်ဆိုပြီး ရဲစခန်းတံခါးကို ပိတ်ပြီး  ကျွန်တော်တို့ကိုစခန်းဝန်းတဲ့ရှိ ရဲအင်အား ၃၀ ခန့် (အရပ်ဝတ် ပါ) ၀ိုင်းရိုက်ပါတော့တယ်။ အဲဒီ အချိန်မှာ စခန်းမှူး၊ မြို့နယ်မှူး စတဲ့ တာဝန်ရှိ သူတွေ ရောက်လာ ပါတော့တယ်။ အဲတော့မှပဲ ကျွန်တော်တို့ကိုရိုက်တာရပ်သွား ပါတယ်။ နောက်တော့ရဲအရာရှိ  ကြီးတစ်ဦး ကအားလုံးတာဝန်ယူ  တယ်။ 

ဘာမှမဖြစ်စေရဘူးလို့ပြော ပြီးဆေးကုသမှုခံယူရမယ်ဆိုပြီး စံပြဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အစ်ကို ကျွန်တော် ပြောတာ မယုံလို့  ရှိရင် သင်္ဃန်းကျွန်း ရဲစခန်းက CCTV လုံခြုံရေး ကင်မရာကို တောင်းကြည့် နိုင်ပါတယ်”ကျွန်တော် တို့ခံခဲ့ရပေမဲ့ ကျွန်တော်တို့လို လူငယ်တွေ နောက်တစ်ခါမခံရ အောင် ထိထိ ရောက်ရောက် ဖြစ်စေ ချင်တယ်။ဟု ကားတိုက်ခံရသူကို ကုလား (ခ) ကို ပြည်ဖြိုးပိုင်က ပြောသည်။

ယင်းဖြစ် စဉ်နှင့် ပတ်သက် ပြီး ဧပြီလ ၂၂ ရက် ၁၂ နာရီ  ၂၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်း  စခန်းမှူး ဖုန်းနံပတ် (၀၉- ၇၃၁၀၁၈၁၆)အား ဆက်သွယ်၍ ဧပြီ ၁၆ ရက်နေ့ ညနေ ၆း၃၀ နှင့်  ၇း၃၀ အတွင်း ရိုက်ကူး ထားသည့် CCTV လုံခြုံရေးကင်မရာ၏ ဗီဒီယိုဖိုင်အားလာရောက်ကြည့်ရှု ခွင့်ပေး ရန်တောင်း  ဆိုခဲ့ရာ သင်္ဃန်း ကျွန်း စခန်းမှူးက “ရန်ကုန်    တိုင်းရုံးနဲ့ပဲဆိုင်တာကျွန်တော်တို့  နဲ့မဆိုင်ဘူး”ဟု ပြော ကာ ဖုန်းချ သွားခဲ့ သည်။ 

လူထုမျိုးမြင့်၊ ပြည်သူ့ညီညီအောင်
From: The Hot News 

2 comments:

အခုဇတ်လမ်းမှာ ဆက်စပ်မှူမရှိတာ လေးတွေတွေ့ရပါတယ် တစ်စုံတစ်ယောက် ကတော့
လိမ်နေပါပြီ သေချာဖတ်ကြည့်ပါ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်