Thursday, May 02, 2013

စီတန်းလှည့်လည်ခွင့် ဥပဒေ လူ့အခွင့်အရေးစံမမီဟု ကုလထံတင်မည်

Posted by drmyochit Thursday, May 02, 2013, under | No comments

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံး နေသည့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဥပဒေသည် နိုင်ငံတကာ လူ့ အခွင့် အရေး စံချိန် စံညွှန်း နှင့် မကိုက်ညီသဖြင့် ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ် ကြောင်း အာရှ လူ့အခွင့်အရေးနှင့် ဖွံဖြိုးရေး ဆုံရပ်အဖွဲ့ (Forum-Asia)မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေး ဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။


ယင်းအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မှတစ်ဆင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်းမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

နိုင်ငံတကာတွင် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်အတွက် သက်ဆိုင်ရာ ကို အသိပေးရသော်လည်း ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ တွင်မူ စီတန်းလှည့်လည်ခွင့် အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ကို တောင်းခံရပြီး ခွင့်ပြုချက် မပြုဘဲ စီတန်းလှည့်လည် ပါက ဖမ်းဆီး တရားစွဲဆိုခံရကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြသည်။
"တရားစွဲတာလည်း တရားရုံး တစ်ရုံးထဲက မဟုက်ဘူး။ အမှုတစ်ခုကို တရားရုံး အများကြီးက တစ်ပြိုင်နက်တည်း တရားစွဲတယ်" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ဥပဒေအားလုံး၏ ပင်ရင်းဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တို့ကို ခွင့်ပြုထားသော်လည်း လွတ်လပ်စွာစီတန်း လှည့်လည်ခွင့် ဥပဒေတွင်မူ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံမှ ခွင့်ပြုချက် တောင်းခံရမည်ဟု ပြဋ္ဌာန်း ထားသဖြင့် အခြေခံဥပဒေ၏ အထက်တွင် ရဲတပ်ဖွဲ့ ထားရှိသလိုဖြစ်နေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ထောက်ပြထားသည်။

"နှစ်ပေါင်း ငါးဆယ် လောက် ဒီမို ကရေစီ စနစ်နဲ့ ကင်းကွာ ခဲ့တယ်။ စီတန်း လှည့်လည်ခွင့် ဥပဒေ ထွက် လာတော့ အထိုက် အသင့် လွတ်လပ်ခွင့် ရလာတယ်။ လိုချင် တာတော့ ၁၀၀ ရာခိုင် နှုန်းပေါ့။ လွှတ်တော် ထဲမှာကျ လုပ်ရ ကိုင်ရတာ ထင်သ လောက် မလွယ်ဘူး" ဟု ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအဖွဲ့ ဦးသိန်းညွန့်က ဆိုသည်။

ယင်း အစီရင် ခံစာပါ တွေ့ရှိချက် များနှင့် အကြံပြု ချက် များကို အစိုးရနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မ ရှင် တို့နှင့် တွေ့ဆုံတင်ပြနိုင်ရန် ခွင့်ပြု ချက် တောင်းခံ ထားကြောင်း ဦးအောင်မျိုးမင်းက ပြော ကြား သည်။

အာရှ လူ့ အခွင့် အရေးနှင့် ဖွံ့ဖြိုးရေး ဆုံရပ် အဖွဲ့ (Forum-Asia)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေ စိုက် အဖွဲ့ အ စည်း တစ်ခုဖြစ်ပြီး အာရှ ဒေသ တွင်း နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို စောင့် ကြည့် လေ့လာရန် အဖွဲ့ခွဲပေါင်း ၁၂၀ ခန့် ရှိကြောင်း ၄င်းက ဆိုသည်။

လွတ်လပ်စွာ စီတန်း လှည့် လည် ခွင့် ဥပဒေ ကို လွှတ် တော်က ပြဋ္ဌာန်းပြီး နောက်ပိုင်း ၂၀၁၂ခုနှစ် အတွင်း လွတ် လပ်စွာ စီတန်း လှည့် လည် ခွင့် တိုင်း ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုခြင်း၊ ခွင့်မပြုဘဲ ပြုလုပ်ပါက ဖမ်းဆီး ခြင်း၊ အမှုတစ်ခုတည်း ကို မြို့နယ် တရားရုံး များ စွာက တစ်ပြိုင်နက်တည်း တရား စွဲ ဆိုခြင်း တို့ ဖြစ်ပွား ခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

From: The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်