Thursday, May 02, 2013

ရခိုင်၌ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်ဖွဲ့ဝင်များကို အရေးမယူဘဲ လုံခြုံရေးနှစ်ဆတိုးပါက တစ်ကျော့ပြန် ကြမ္မာငင်နိုင်ဟု HRW ဆို

Posted by drmyochit Thursday, May 02, 2013, under | No comments


ရခိုင် ပဋိ ပက္ခ၌ ပြစ်မှု ကျူးလွန် ခဲ့ ကြသော လုံခြုံရေး တပ်ဖွဲ့ဝင် များအား ထိုက်သင့်သော ပြစ်ဒဏ် ခတ်ခြင်း မပြု လုပ်ဘဲ လုံခြုံရေး အင် အားကို နှစ် ဆတိုး မြှင့်လိုက်ပါက ဖြစ်ရပ်ဆိုးများကို ထပ် မံဖိတ် ခေါ်ရာ ရောက် နိုင် ကြောင်း လူ့အ ခွင့်အရေး စောင့်ကြည့်အဖွဲ့(HRW) က ဆိုသည်။

HRW ၏ အာရှဒေသဆိုင်ရာလက် ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရော ဘတ်ဆန်က ရခိုင်အရေး စုံစမ်း စစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာ တွင် အ ကြံပြုထားသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူ အညီများ ချက်ချင်းစီမံပေးရေးကို အ ပြည့်အဝထောက် ခံသော်လည်း လုံခြုံ ရေးတပ် ဖွဲ့အင်အား နှစ်ဆတိုးမြှင့်ချထား ရန် အကြံပြုချက်ကိုမူ စဉ်းစားဆင်ခြင်၍ လုပ်ဆောင် ရမည့် အချက်ဟု ဆိုထား ခြင်း ဖြစ်သည်။

”ပြစ်မှု ကျူးလွန်ခဲ့ကြတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်ခတ်မခံရတာကို ပြင်ဆင်ဖို့ အဆုံးသတ်ဖို့ မလုပ် ဘဲနဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့ ဝင် အင်အား နှစ်ဆထပ်မံတိုးမြှင့် ချထား မယ်ဆိုရင် ဖြစ်ရပ် ဆိုးတွေကို ထပ်မံဖိတ် ခေါ်ရာ ရောက်ပါလိမ့်မယ်”ဟု ဖီးလ် ရောဘတ်ဆန် က ပြော သည်။

HRW ၏ရခိုင်အစီရင်ခံစာကို ပြီး ခဲ့သည့် ဧပြီလ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော ပဋိ ပက္ခဖြစ်စဉ်များ၌ ဘင်္ဂါလီ မွတ် ဆလင် များအပေါ် အကြမ်းဖက်မှုများအား လုံခြုံရေး တပ်ဖွဲ့ ဝင် များ က တားဆီးမှု မပြု ရုံ သာမက ကိုယ်တိုင် ကိုယ်ကျ ပါဝင် ခဲ့ကြသည်ဟု စွပ်စွဲရေး သားထားသည်။

သို့ရာ တွင် မြန်မာ အစိုးရက HRW ၏ ရခိုင်အစီရင်ခံစာသည် တစ် ဖတ်သတ်ထွက်ဆိုချက်များအပေါ်တွင် သာ အခြေပြု ထားခြင်းဖြစ်ပြီး အ သုံးအနှု န်းများသည်လည်း လက်ခံနိုင် ဖွယ်မရှိဟု ကန့်ကွက် ထားသည်။ ယင်းကဲ့သို့ ရခိုင်ပဋိပက္ခတွင် ပြစ် မှုကျူးလွန်ခဲ့သူများနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များ ပြစ်ဒဏ်ခတ်ခြင်း မခံရ မှုက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပဋိပက္ခမှု များ ဖန်တီးလိုသူတို့ကို အားပေးအား မြှောက်ပြုရာ ရောက် သည်ဟု HRW ၏ အစီရင်ခံစာက ဆိုထားပြန်သည်။

မတ်လ အတွင်းက မိတ္ထီလာမြို့တွင် စတင်ခဲ့သော အကြမ်းဖက်ပဋိပက္ခများ ကြောင့် လူ ၄၃ ဦးထက်မနည်း သေ ဆုံးခဲ့ရပြီး ယင်းဖြစ်ရပ်သည် ပြ စ်မှုကျူး လွန်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြစ်ဒဏ် ခတ်ရန် မစွမ်း ဆောင်နိုင်မှု၏ အကျိုးဆက်ဟုပီတာဆန်က သုံးသပ် သည်။ ရခိုင်စုံစမ်းစ စ်ဆေးရေးကော်မရှင် ၏ အပြီး သတ် အစီရင် ခံစာကို ဧပြီလ ၂၂ ရက်နေ့က သမ္မတထံ တင်သွင်းပြီး ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန် ခဲ့ရာ မြန်မာ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တွင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များထပ်မံ တိုးမြှင့်ချထားသင့်ကြောင်း ပါရှိခဲ့ သည်။

”ကျွန်တော်တို့ရဲ့ ကွင်းဆင်းမေး မြန်းချက်အရ ဒုက္ခသည်တွေက လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ ရုပ်သိမ်း သွားမှာကို စိုးရိမ်နေကြတယ်။ ဒါလူအဖွဲ့အ စည်း နှစ်ဖက်စလုံးဆီက ကြားရတဲ့ စကားပါ” ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ ဝင် ဦးကိုကိုကြီးက ပြောသည်။ ထို့အတူ ပဋိပက္ခများ ထပ်မံမေ ပါ် ပေါက်ရေးအတွက် လက်ရှိ တွင် လူ့အဖွဲ့ အစည်းနှစ်ခုအား သီးခြားစီ ခွဲထားရ မည်ဖြစ်ကြောင်း၊ ယင်းသို့ ခွဲထားခြင်းမှာ ရေရှည် အဖြေ မဟုတ်သော်လည်း လက် ရှိတွင်မူ မဖြစ်မနေ ကျင့်သုံးလုပ်ဆောင် ရမည့် ကိစ္စရပ်ဟု အစီရင်ခံ စာတွင် ပါရှိ သည်။

”လူ့အဖွဲ့အစည်းနှစ်ခုကို သီးခြား စီ ခွဲထားတာဟာ ရေရှည်အဖြေမဟုတ် ပေမယ့် နှစ်ဖက် အမုန်း တရားတွေ ပြေ လျော့သွားတဲ့အထိတော့ မဖြစ် မနေကို ကျင့်သုံးရပါမယ်။ ဒါမှမဟုတ်ရင် ပဋိ ပက္ခတွေ တစ် ကျော့ပြန် ဖြစ်ပွားဖို့ အလားအလာ များပါတယ်”ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက် တာ ကျော်ရင်လှိုင်က ပြောသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ရခိုင်လူမျိုး ၁၂ဝဝ နှင့် ဘင်္ဂါလီ ၈ဝဝတို့အား တွေ့ ဆုံမေးမြန်းပြီး အကြိမ်ကြိမ်ကွင်းဆင်း လေ့လာမှုတို့အပေါ်အခြေခံ၍ အကြံ ပြု ရေးသားထားသည်ဟု သိရသည်။ ရခိုင်ပဋိ ပက္ခ အစီရင်ခံစာကို ဧပြီ လ ၂၉ ရက်နေ့က ထုတ်ပြန် ခဲ့ပြီး ယင်း နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန တွင် ပြုလုပ်ခဲ့ သည်။
ကျော်ရဲလင်း

Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်