Thursday, May 02, 2013

ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်အတွက် စံပြအဖြစ် ပြောနိုင်တဲ့ အမှု

Posted by drmyochit Thursday, May 02, 2013, under | No comments




Thein Win

((( ရဲ တွေ ဥပဒေမဲ့ အနိုင်ကျင့် ရိုက်နှက်တဲ့အခါ ကိုးကားပြီး တိုင်ရမဲ့ အမှုတစ်မှု )))

(ပြစ်မှု ဆိုင်ရာ အမှုကြီး အမှတ် ၅၃/၂၀၁၂ - တောင်ငူ ခရိုင် တရားရုံး) ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်း ထိန်း သိမ်းရေး ဥပဒေ အရ ထောင်ဒဏ် တစ်နှစ် ။

ရဲတပ်ကြပ်ကြီး အုန်းလွင် ၊ ရဲတပ်သား မင်းကိုလတ်တို့ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ
ထုတ်ပယ် ။
ဒုရဲအုပ် ဝင်းတင် ကို တဆင့်နိမ် ရာထူးချ
--------------------------------------------------------------------------------------

ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူးမှ ထုတ်ပယ်
===================================
ဖြူး ၊ ဧပြီ ၂၈
အရက်မူး နေသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်သုံးဦးက ရိုက်နှက် စစ်ဆေး ရာမှ သေဆုံးခဲ့ သည်နှင့် ကိ စ္စနင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲ မှူး စိုးသန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ လူသေဆုံးမှု သည် လွန်ခဲ့သော ခြောက်လခန့် စက်တင်ဘာလ ၁ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ၊တောင်ငူ ခရိုင်၊ ဖြူးမြို့တွင် အရက်မူးနေသည့် အသက်၂၄ နှစ်အရွယ် ဦးလင်းကိုကိုထက် (ခ) တောသား က စားသောက် ဆိုင် မှ အိမ်သို့ အပြန်တွင် ဖြူးမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးက ဖမ်းဆီးခေါ်ေ ဆာင် စစ်ဆေး ခဲ့ပြီးဒဏ် ရာ များဖြင့် သေဆုံး ခဲ့ကြောင်း သေဆုံး သူ၏ ဖခင်ဦးလှမြင့် ကပြောကြားသည်။

ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်းထိန်သိမ်းရေး ဥပဒေ အရ ထောင်ဒဏ် တစ်နှစ် အပါအဝင် ၊ ရဲတပ်ကြပ် ကြီး အုန်းလွင် ၊ ရဲတပ်သား မင်းကိုလတ်တို့ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ထုတ်ပယ်ခဲ့ပြီး ၊ ဒုရဲ အုပ် ဝင်းတင် ကို တဆင့်နိမ် ရာထူးချကာ ၎င်းတို့လေးဦးလုံးကို တောင်ငူခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး လျက်ရှိကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ရဲမှူး စိုးသန်းက ရှင်းပြသည်။

“ရဲတပ်ဖွဲ့ဝင်တွေက လူငယ်ကို ရိုက်ရင် ရဲ အရာရှိမှာ တားရမဲ့ တာဝန် ရှိတယ်၊သူ မတားခဲ့လို့ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ အရေးယူတာပါ၊ လူသေတာက တော့ တရာရုံးက ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဖြူးမြို့နယ် ရဲ တပ် ဖွဲ့ မှူးရုံးမှ ရဲမှူး ဦးစိုးသန်းက ထပ်လောင်းပြောကြားသည်။

“ဆေးရုံမှာ ကျွန်မ မောင်လေးကို တွေ့တုန်းက နှာဖူးမှာဘု ထွက်ပြီ ညိုမဲနေတယ်၊ မျက်ကွင်းလည်း မဲနေ တယ် ၊ ညာဘက်မျက်နှာမှာလဲ ဒဏ်ရာ ဒဏ်ချက်နဲ့ ဘယ်ဘက် နားရွက်မှာလည်းဒဏ်ရတွေ့တယ် ၊ နှာေ ခါင်း လည်းသွေး ထွက်ပြီး ၊ပါးစပ်မှာလဲ ဒက်ရာတွေတွေ့တယ် ။” သေဆုံးခဲ့သည့် မောင်ဖြစ်သူ လင်းကိုကို ထက် ကို မြင့်တွေ့ခဲ့ရသည့် အခြေအနေအား အမတော်စပ်သူဒေါ်မြင့်ခက်ခက်မွန်က ပြော သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ၊ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၅၃/၂၀၁၂ ဖြင့် နိုဝင်ဘာလ ၂၉ ရက်မှ စတ င်ကာ စစ်ဆေးလျက်ရှိပြီး ဧပြီလ ၂၆ ရက်နေ့ အထိ ရုံးချိန်းပေါင်း ၁၄ ကြိမ် နှင့် သက်သေပေါင်း ၁၁ ဦး ကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း တောင်ငူ ခရိုင် တရားသူကြီး ဦးအောင်စိုးက ပြောကြားသည်။

(The Voice Weekly)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်