Thursday, May 02, 2013

မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် အနီး၌ ခရီးသည် တစ်ဦးကို တက္ကစီ သမား တစ်ဦးက ဓားထောက် ဓားပြတိုက်

Posted by drmyochit Thursday, May 02, 2013, under | No comments


မေဒေးနေ့တွင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် အနီး၌ ခရီးသည် တစ်ဦးကို တက္ကစီ သမား တစ်ဦးက ဓားထောက် ဓားပြတိုက် သွားသည်ဟု သတင်းရသည်။

“ဓါးမြှောင် တစ်ချောင်းနဲ့ လည်ပင်းကို ထောက်ထားပြီး အိတ်ကို ယူသွား တယ်။ငွေက နှစ်သိန်း ကျော်ပါ သွားတယ်။ အ၀တ်အစား ပစ္စည်း ကတော့ တစ်သိန်း ဖိုးလောက် ရှိတယ်။ မှတ်ပုံ တင် လည်း ပါသွားတယ်။ မောင် ငွါးဆီးနို၁/ပတအ (နိုင်) ၀၄၈၆၁၄ ဖြစ်ပါတယ်။ တစ်နေရာရာမှာ တွေ့ခဲ့ ရင်ကျေးဇူးပြုပြီး ဆက်သွယ် ပေးပါ။ ဖုန်းနံပါတ်က (တစ်ဆင့်) ၀၉၄၉၂၃၃၆၂၈ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ဓား ထောက် လုယက် ခံရသည့် ခရီးသည် ကိုငွါးဆီးနိုက ပြောသည်။

အဆိုပါ ခရီးသည်က  အောင် မင်္ဂလာ အဝေးပြေး ကားကွင်းမှ ခရေပင် လမ်းခွဲသို့ သွားရန် တက္ကစီ တစ်စီးငှါး စီးလာ ခြင်းဖြစ်သည်။ သို့သော် တက္ကစီသမားက လူသူရှင်းသည့်နေရာသို့ မောင်းချသွားပြီး ဓါးထောက် ကာ ပါလာ သည့် ငွေ နှင့် ပစ္စည်းအားလုံး လုယက်ပြီး ခရီးသည်ကို ကားပေါ်မှ ဆင်းခိုင်းခဲ့သည်။

“ယုံဖို့ ခက်ခဲတယ်။ ဒါပေမဲ့ တကယ်ဖြစ် ခဲ့တာပဲ။ သူငယ်ချင်းက အ၀တ် တစ်ထည် ကိုယ်တစ် ခုနဲ့ ရောက် လာတာ” ဟု ဓားပြ တိုက်ခံရသူ ၏သူငယ်ချင်း ကိုငွါးချယ်ကပြောသည်။

ဖြစ်စဉ်ကို သက်ဆိုင်ရာသို့ အကြောင်းကြားထားပြီး တက္ကစီ သမားကို စုံးစမ်း ရှာဖွေ နေသည် ဟု သတင်းရ ရှိ သည်။

ကိုဂျေ 
From: မြစ်မခမီဒီယာ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်