Thursday, May 02, 2013

၁၅၀၀ တန်ဖုန်း နဲ့ အချောင်သမားစိတ်ဓာတ်

Posted by drmyochit Thursday, May 02, 2013, under | No comments


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဧပြီ ၂၄ရက်နေ့က အ များ ပြည်သူ ဆက်သွယ်ရေး အဆင် ပြေ ချောမွေ့စေရန် အတွက် ရည် ရွယ်ပြီး တန်ဖိုးနည်းတယ်လီဖုန်း လိုင်းတစ် ခုဖြစ် သည့် ၁၅၀၀ ကျပ် တန် CDMA 800 MHZ ၏ မို ဘိုင်း ဖုန်း များကို စတင် ရောင်းချ ပေးခဲ့သည်။

၁၅၀၀ တန်ဖုန်းနှင့် ပတ် သက်၍ အများပြည်သူများက ကျေနပ်ဝမ်းမြောက်သံများ ထွက် ပေါ်လာ ခဲ့သော်လ ည်း လူနည်းစု ကတော့ အမျိုး မျိုးပြစ် တင်ဝေ ဖန် မှုများ ရှိနေသည်။ လူ့လောက ထုံးစံအတိုင်း အကောင်း မြင်ရှိ သလို အဆိုးမြင်များလည်း ရှိကြ ပါသည်။ ရွှေပြည်တံခွန်က ၅၀၀၀ ကျပ်နှင့် ရောင်းပေး မည့်ဆင်း ကတ် များကိုကျော်ပြီး မြန်မာ့ဆက် သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးလိုက်သဖြင့် အများ ပြည်သူ များကြားတွင် သို့လော သို့လော အတွေးများ၊ ထင်မြင် ယူ ဆချက်များ ဖြစ်ပေါ်နေသည်။ ပုဂ္ဂလိ ကက ကုမ္ပဏီ တစ်ခုက အနည်းဆုံး ရောင်းချ နိုင်သည့် ဈေးနှုန်း အပေါ် အစိုးရအဖွဲ့က သာလွန် ကျော်ပြီး ရောင်း ချပေး သည့် ပမာဏသည် ယခုအခါ စံချိန်တင် ပမာဏ ဖြစ်ခဲ့သည်။ နည်းပညာ ပိုင်းဆိုင် ရာ ကိစ္စရပ် များ၊ မည်သို့မည်ပုံရောင်းချသည်၊ မဲနှိုက်သည့်အခါ မည်သို့ မသမာ မှုများပြုသည်ကို ရေးသား တင်ပြ မှုမပြု လိုပါ။ စာရေးသူတင်ပြလို သည်မှာ မြန်မာလူမျိုးအချို့၏ မကောင်းတတ်သည့်ညာဉ်ဆိုးကို ပြောပြ လိုခြင်းဖြစ်သည်။

စာရေး သူနေထိုင်သော တောင်ဥက္ကလာပ(၁၃)ရပ်ကွက် တွင် အများရပ်ကွက်တွေလိုပဲ မဲနှိုက်ကြရပါသည်။ ဖုန်း ကတ် မဲနှိုက်ရန်အတွက် ရပ်ကွက်အုပ် ချုပ်ရေးမှူးထံသို့ ဖုန်းကတ် လျှောက်လွှာ သန်းခေါင်စာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့တင်ပြီး လျှောက်ရပါသည်။ အိမ်ထောင်စု  တစ်စု(သို့) သန်းခေါင်စာရင်း တစ်ခုကို တစ်ဦး လျှောက်ကြ ရပါ သည်။ ရပ်ကွက်ဓမ္မာရုံ၌ လော်စပီ ကာကြီးဖြင့် မဲနှိုက်၍ ကံစမ်းမဲဖွင့် ကြပါသည်။ စာရေး သူက ဖုန်း တစ်လုံး ၅သိန်းခေတ်ကတည်း က တစ်လုံးဝယ်ကိုင်ထားသဖြင့် လျှောက်လွှာမတင်ခဲ့ပါ။ သို့သော် သူငယ်ချင်းအများစုကတော့ လျှောက်လွှာတင်ပြီး မဲနှိုက်ကြပါ သည်။ မဲလာနှိုက်သူများထဲတွင် ၅ သိန်းဖုန်း ကိုင် နေသူများ၊ ၂သိန်း ဖုန်းကိုင်နေသူများ အများအပြား ကို တွေ့ရသည်။ ပိုဆိုးသည်က ၁၅ သိန်းဖုန်း ကိုင်နိုင် သူများလည်း ပါဝင်လာသည်ကို မြင်တွေ့နေရ ၏။

စာရေး သူက မနေနိုင်မထိုင် နိုင်၍ ၎င်းဖုန်းလက်ဝယ်ကိုင်ပြီး သားသူများ လျှာရှည်မေးမိရာ အချို့က ““အိမ် က သမီးလေး အတွက်””ဟု ဖြေလာသည်။ သူ့ သမီးမှာ ယခုမှ သူငယ်တန်းတက် ခါစ အရွယ်ပင်။ သူ၏အိမ် တွင် သူက တစ်လုံး၊ သူ့မိန်းမက တစ် လုံးနှင့် သူ၏သားကြီးက ဖုန်းတစ် လုံးစီကိုယ်စီ ပိုင်ကြပါသည်။ သူငယ် တန်း သမီးလေး အတွက် မလိုအပ်သေးဘဲ ၁၅၀၀ ကျပ်ဖြင့် အလကားမူးတင်နီးပါးရသော ဖုန်းကတ် အပေါ် လောဘတက် နေကြသည်ကို  တွေ့ရသည်။ တကယ်တမ်း အဆိုပါပုဂ်္ဂိုလ် ဖုန်း ကတ်ပေါက် သွားပါသည်။ မလို အပ်သောလူတစ်ဦး၏လောဘ ကြောင့် အမှန်တကယ်လိုအပ်သူ တစ်ဦး ဖုန်းကတ် ရခြင်းမှ နစ်နာ သွားခဲ့သည်။  ဖုန်းကတ်လာ လျှောက်သူ ၅၀ရာခိုင်နှုန်းလောက် မှာ အမှန် တကယ် လိုအပ်၍ မဟုတ်ဘဲ ဈေးပေါ၍ အလကား နီးပါးမျှရ၍ လာလျှောက်ကြခြင်း ဖြစ်နေသည်ကို မြင်တွေ့ရ ချိန်တွင် ““မြန်မာပြည်သူတွေ အလကားရ ရင် ဆင်တောင်အကြွေးနဲ့ဝယ်စီး”” တယ်ဟုဆိုသော ရှေးလူကြီး တို့၏ ဆိုရိုး စကားကို ပြေးမြင်မိသည်။

ကိုယ့်မှာက မလိုအပ်ရင် အရေးပေါ်မလိုအပ်ရင် တကယ် လိုအပ်သူအတွက် ကိုယ့်ရဲ့အခွင့် အရေး မဲတစ်မဲ ကို ဖယ်ပေးလိုက် ခြင်းက ဒီမိုကရေစီနိုင်ငံသားတစ် ဦးရဲ့ ရဲရင့်သော စိတ်ဓာတ်ဟု အသိအ မှတ်ပြုလိုက် ချင်သည်။ အခုတော့ ၁၅၀၀ ဖုန်းကြောင့် အချောင်သမားတွေအများကြီးပဲ။ စာရေးသူတို့နိုင်ငံမှာ ရှိနေသေး တယ်။ ငါ့ အခွင့် အရေးပဲ ဆိုပြီး အတ္တ၀ါဒီတွေ သောင်းကျန်းနေ သေးတာကို တွေ့လိုက်ရပါတယ်။

ဒီလို စံနှုန်း တွေနဲ့ တိုင်းပြည် ကို ဒီမိုကရေစီဖော်ဆောင်ရေး အတွက် လမ်းလျှောက်ကြမယ် ဆိုရင်ဖြင့်… ဟင်း…ဟုသာ သက်ပြင်းချလိုက်မိပါတော့တယ်။

From:Hots

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်