Thursday, May 02, 2013

သင်္ဘောနှစ်စင်းတိုက်မှု သင်္ဘောသားများကို စတင်စစ်ဆေး

Posted by drmyochit Thursday, May 02, 2013, under | No comments


ရန်ကုန်၊ မေ ၁

ရန်ကုန် မြစ်ဝတွင် သင်္ဘောနှစ်စင်း တိုက်မိပြီး ရေနံသင်္ဘော နစ်မြုပ်ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ဧပြီလ ၃၀ ရက် နေ့က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သင်္ဘောနှစ်စင်းလုံးရှိ သင်္ဘောသား များကို စတင် စစ်ဆေး နေပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန် ရှိသူ တစ်ဦး က The Voice သို့ ပြောကြားသည်။

စစ်ဆေးမှုပြီးဆုံးမှသာ ဂျပန် သင်္ဘောကို ထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး လျော်ကြေးပေးခြင်း၊ အရေး ယူခြင်း များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးအဖွဲ့မှူး အထွေ ထွေမန် နေဂျာ ဦးမျိုးသန့် ကဆိုသည်။

"သင်္ဘောနစ်မြုပ်မှုရဲ့ တာဝန်ရှိတဲ့ သင်္ဘောပိုင်ရှင်က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒါမှမ ဟုတ် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရဲ့ ခွင့်ပြုချက်ယူပြီး သင်္ဘောဆယ်ဖို့ တင်ဒါခေါ်ရမယ်။ ဆယ်ယူခ ကိုလည်း အဲဒီ ပိုင်ရှင်က တာဝန်ယူရမယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတကာရေကြောင်း စည်းမျဉ်း စည်းကမ်းအရ သင်္ဘောတိုက်မှုဖြစ်ပွားစဉ် တာဝန် ထမ်းဆောင်နေသည့် ကပ္ပ တိန်နှင့် သင်္ဘောသားများ၊ ရေစီးနှုန်းများ၊ မှတ်ချက် များကို စစ်ဆေးလျက်ရှိကြောင်း၊ သင်္ဘော နစ်မြုပ် မှု၊ သင်္ဘောတိုက်မှုများ ဖြစ်ပါက ဥပဒေအရ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကသာ စစ်ဆေး ရကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အဖွဲ့မှူး အထွေထွေမန်နေဂျာ ဦးမျိုးသန့်က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မှတ်ပုံတင်ထားသော ဂျပန်နိုင်ငံမှ မော်တော်ယာဉ်များ တင်ဆောင်သည့် M.V Malacca Highway ယာဉ်တင်သင်္ဘောနှင့် စွမ်းအင် ဝန်ကြီးဌာနပိုင် ရေနံတင်သင်္ဘောတို့ ဧပြီလ ၂၈ ရက်နေ့က ရန် ကုန် မြစ်ဝတွင် တိုက်မိပြီး ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်