Thursday, May 02, 2013

ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ ဦးရှိ

Posted by drmyochit Thursday, May 02, 2013, under | No comments

 
မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူ အ မျိုး သမီး အရေ အတွက်ဟာ ၄၁၄ ဦးထိ ရှိခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အဲဒီ ၄၁၄ ဦးထဲမှာ ၁၀၂ ဦးကတော့ မုဒိမ်း ကျင့် ခံခဲ့ရပြီး အဲဒီ အထဲက ၁၇ ဦးကတော့ အုပ်စု လိုက် ကျင့်ခံ ခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါ တယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက် အသတ်ခံခဲ့ရ တယ်လို့ ပြောပါတယ်။

အမျိုးသမီး ၁၆ ဦးကတော့ မုဒိမ်းကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရပြီး ၁၃ ဦးကတော့ မဖွယ်မရာ ဆက်ခံခဲ့ရ တယ် လို့ ပြောပါတယ်။ အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးက ၃ ဦးရှိပြီး ၄ ဦးကတော့ မီးရှို့ တိုက်ခိုက် ခံခဲ့ ရပြီး အဲဒီအထဲက သုံးဦးကတော့ သေဆုံးကုန်တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၅ ဦးကတော့ ပြန်ပေး ဆွဲ ခံခဲ့ရ တယ်လို့ ဖေါ်ပြပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ် ၆၄ ဦး ဟာ ဧပြီ တစ်လတည်း အတွင်းမှာ အသတ်ခံခဲ့ရပြီး လူကုန်ကူးမူ ၄ မူ ရှိခဲ့ တယ် လို့ ပြောပါတယ်။ အမျိုးသမီး ၄၆ ဦးကတော့ အမျိုးသားဖြစ်သူကို လက်ထပ်စဉ်က ပေးဆောင် ရမယ့် ခန်းဝင် ပစ္စည်းတွေ ( ရွှေ၊ငွေ၊ ရေခဲသေတ္တာ၊ တီဗီ၊ ဆိုဖာ၊ အဲယားကောင့်စတဲ့ ပစ္စည်းများ) မပေး ဆောင် နိုင်တဲ့ အတွက် ညှဉ်းပမ်း နှိပ်စက် ခံခဲ့ရပြီး အဲဒီ အထဲက ၂၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။

အမျိုး သမီး နှစ်ဦးကတော့ အိမ်တွင်း နှိပ်စက်မူကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ အမျိုးသား တွေရဲ့ နှောင့် ယှက် စော်ကား တာကို ခံခဲ့ရတဲ့ အမျိုးသမီးက ၄၅ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကတော့ မိမိကိုယ်ကို သတ်ေ သသွားခဲ့တယ်လို့ ပြောပါတယ်။

အရေ အတွက် ၃၀ ထက်များတဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသော အကြမ်းဖက်မူတွေကြောင့် မိမိကိုယ်ကို သတ်သေ ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အသက်မပြည့်တဲ့ ကလေးမလေး တစ်ဦးကတော့ အရွယ် မတိုင် မီ အတင်း အိမ်ထောင်ပြု ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အခု စုဆောင်းထားတဲ့ အရေ အတွက် ဟာ ဘင်္ဂလာဒေခ်ျ့က ထုတ်ဝေတဲ့ သတင်းစာတွေပါ ကိန်းဂဏန်းတွေကို စုဆောင်း ကောက် ယူဖေါ်ပြ တာ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့က ဆိုပါတယ်။

Narinjara

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်