၁၉၅၀-၅၃ မှ စတင်ကာ တောင်နှင့် မြောက် ကိုးရီး ယား များ အဖြစ် ကွဲသွားသော နှစ်နိုင်ငံအား ပြန် လည် ပေါင်း စည်းရေး စီမံချက်ဖြစ်သည့် sunshine policy အရ တည်ထောင်ထားသည့် Kaesong စက်မှု ဇုံ စီမံကိန်း ကို ၂၀၀၄ ခုနှစ်မှ စတင်ကာ တည်ထောင် ထားခဲ့သည်။
ယခု အခါ တောင် ကို ရီးယားနှင့် မြောက်ကို ရီးယား နိုင်ငံ အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ် လျက် ရှိရာ မြောက် ကိုရီးယား နိုင်ငံအတွင်း တည်ရှိသည့် အဆိုပါ Kaesong စက်မှုဇုံ စီမံကိန်းမှ တောင် ကိုရီးယား အလုပ် သမားများ အားလုံးအား ဧပြီ ၂၇ ရက်တွင် အပြီး ရုတ်သိမ်း ထွက်ခွာခဲ့ကြပြီ ဖြစ်ကြောင်း တောင် ကို ရီးယား နိုင်ငံ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
ကေဆုန် ပူးတွဲ စက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှုရပ်ဆိုင်းခဲ့မှုအပေါ်ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ် ခဲ့ပြီးနောက် တောင် ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူ ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကေဆုန် စက်မှုဇုန်တွင် တောင်ကိုးရီးယား ကုမ္ပဏီပေါင်း ၁၂၃ ခုရှိပြီး အထည် ချုပ် လုပ်ငန်းများ ၊ အိမ်သုံးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ ၊ မော်တော်ဆိုင်ကယ်စီး ဟဲလ်မက် ဦးထုပ် လုပ်ငန်းများ စသဖြင့် ပါဝင်သည်။ မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ အဆိုပါ ကေဆုန် စက်မှုဇုန်တွင် အလုပ် လုပ် ကိုင်သည့် တောင်ကိုးရီးယား လူမျိုး အလုပ်သမား တစ်ဦးစီအတွက် လစဉ် ဒေါ်လာ ၁၃၀ ပေးဆောင် ရပြီး မြောက်ကိုးရီးယား နိုင်ငံသည် အဆိုပါ စက်မှုဇုန်မှ တစ်နှစ်လျှင် ၀င်ငွေ ဒေါ်လာသန်း ၉၀ ရရှိ သည်။
Time in Rangoon

0 comments:
Post a Comment