Thursday, May 02, 2013

ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက် ခေါင်းဖြတ်လူသတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်

Posted by drmyochit Thursday, May 02, 2013, under | No comments



နေပြည်တော်၊ မေ ၁

၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ အနီး၊ ဇဟား ချောင်း တံတား အောက်တွင် ဦးခေါင်းမပါသည့် အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ ကြောင်း သတင်း အရ ဖြူး ရဲ စခန်းမှ တပ်ဖွဲ့ဝင်များ သွား ရောက် စစ် ဆေးရာ ရန်ကုန်-မန္တလေး ပုံမှန် လမ်း မိုင်တိုင် အမှတ်(၁၃၉-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်း စပ် တွင် ““၅၅၅””တံဆိပ် ပီနံအိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံး တီး အလောင်း တစ်လောင်း နှင့် မိုင်တိုင် အမှတ် (၁၃၈/၂)အနီး လမ်းဘေးတွင် အမျိုး သမီး ဦးခေါင်း ပြတ် တစ်ခု ထပ်မံ တွေ့ ရှိ ၍ ဖြူးရဲ စခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေး လျက်ရှိ သည်။

အဆို ပါ အမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်း ဖော် ထုတ် လျက် ရှိပြီး သေဆုံးသူ မည်သူ မည်ဝါ ဖြစ်ကြောင်း သိရှိ သတင်း ပေးလို ပါက မှုခင်း ရဲတပ်ဖွဲ့ မှူးရုံး တယ်လီဖုန်း အမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ ဆက် သွယ် အကြောင်းကြား သတင်းပေး ပို့ နိုင်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်