Thursday, May 02, 2013

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား

Posted by drmyochit Thursday, May 02, 2013, under | No comments


ရန်ကုန်-နှစ်နိုင်ငံ သဘော တူညီ မှုဖြင့် ထိုင်း နိုင်ငံသို့ အလုပ် သမား စေလွှတ် နေသော အေဂျင်စီ ၁၂ ခုအား ထိုင်းနိုင်ငံ သို့ အလုပ်သမားစေလွှတ်ခြင်း ဆိုင်းငံ့ထားရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာနက ဧပြီ ၂၅ ရက်တွင် ညွှန်ကြားလိုက်သည်။

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီများအနေဖြင့် စေ လွှတ်ပြီး အလုပ်သမားများအား အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဟုတ်၊ မဟုတ် စိစစ်ဆောင် ရွက်နေသော ကာလအတွင်း အေဂျင်စီများမှ အလုပ်ခေါ်စာများ တင်ပြလာခြင်းကို ဆိုင်းငံ့ ထားရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MOU နဲ့ ပို့တဲ့ လုပ်သားတော်တော်များများက အဆင်မပြေဘူး ဖြစ်နေတယ်။ တော်တော်များများ ပွဲစား အဆင့် ဆင့် ခံထားတဲ့ အတွက် ကုန်ကျ စရိတ် များတယ်။ အလုပ်ကလည်း ပြောထားသလိုမဖြစ်တာ များတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးကွန်ရက် မြန်မာပြည် တာဝန်ခံ ကိုကျော်ဇော်လင်းက ပြောသည်။

ထို့အပြင် မြန်မာ နိုင်ငံမှ MOU စနစ်ဖြင့် စေလွှတ်နေသော အေဂျင်စီ အများစုမှာ ထိုင်းနိုင်ငံမှ အလုပ်ရှင် နှင့် တိုက်ရိုက် ချိတ်ဆက် ထားသူ အလွန်နည်းပါးပြီး ပွဲစားများမှတစ်ဆင့် စေလွှတ်နေသဖြင့် တစ်စုံတစ်ရာ ပြဿနာ ပေါ်ပေါက် လာပါက ဖြေရှင်းမပေးနိုင်ကြကြောင်းလည်း ကိုကျော်ဇော်လင်းက ဆိုသည်။

သက်ဆိုင်ရာက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသော အေဂျင်စီ ၆၀ ရှိသော်လည်း ယခုရပ် ဆိုင်းခြင်း ခံထား ရသော ကုမ္ပဏီ ၁၂ ခုကသာ အများဆုံး ပို့ဆောင်နေရကြောင်း သတင်းရရှိသည်။ နှစ်နိုင်ငံ သဘော တူညီမှု စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် မြန်မာ ကျပ်ငွေ တစ်သိန်းနှင့် ဘတ်ငွေ တစ်သောင်းသာ အကျိုးဆောင်ခယူရန် သတ်မှတ်ထားသည်။

နှစ်နိုင်ငံ သဘော တူညီ မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာမှစ၍ အေဂျင်စီ ၆၂ ခုအား နယ်စပ်စခန်း သုံးခုဖြစ် သော မြ၀တီ၊ ကော့သောင်းနှင့် တာချီလိတ် စခန်းများမှ အလုပ်သမား စေလွှတ်ခွင့်ပြုခဲ့ပြီး ၂၀၁၃ ဖေဖော် ၀ါရီ လ လယ် ထိ အလုပ်သမား ၅၁၃၈၀ ဦး စေလွှတ်နိုင်ခဲ့သည်။

7day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်