Thursday, May 02, 2013

ရက်သားကလေးငယ်ကို မီးရှို့သတ်ဖြတ်သည့် ချီလီမှ အယူသီးဂိုဏ်းခေါင်းဆောင် သေဆုံး

Posted by drmyochit Thursday, May 02, 2013, under | No comments


ရက်သား ကလေးငယ် တစ်ဦးကို ဘာသာရေး အယူသီးမှုဖြင့် မီးရှို့ သတ်ဖြတ်စေခဲ့သည့် ဘာသာရေး ခေါင်း ဆောင် ဖြစ်သူအား သေဆုံးလျှက်သား ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ချီလီ ရဲများ သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အသက်(၃)ရက်သာ ရှိသေးသည့် မိန်းကလေးငယ် တစ်ဦးအား မကောင်း ဆိုးရွား ကမ္ဘာမြေပေါ် ရောက်ရှိ လာသည် ဆိုသော အယူ သီး မှုဖြင့် အရှင် လတ်လတ် မီးပုံထဲ ပစ်ချ ခဲ့သည့် ကိစ္စအတွက် စုံစမ်း ဆောင်ရွက်နေရင်း အသက်(၃၆)နှစ်အရွယ် ရေမွန် ဂူစတာဗို ကက်စ်တီလို၏ အလောင်း ကို ရှာဖွေ တွေ့ ရှိ ခဲ့သည်။ အစောပိုင်းက ချီလီရဲတပ်ဖွဲ့သည် ကလေး၏ မိခင်အပါအဝင် လူ(၄)ဦးကို ဖမ်းဆီး ထားပြီး အဆိုပါ ဘာသာရေး ဂိုဏ်းသည် အဖွဲ့ဝင် (၁၂)ဦး ပါဝင်သည့် ခေတ် ပညာ တတ်များ ဖွဲ့စည်းထားကြောင်း ကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့၊ အစောပိုင်းကမူ ကက်စ်တီလို၏ အလောင်းအား လည်ပင်းတွင် ကြိုးဆွဲချလျှက် တန်းလန်း အနေ အထားဖြင့် စွန့်ပစ်ထားသော အိမ်တစ်လုံး၌ တွေ့ရှိခဲ့သည်။ ကက်စ်တီလိုသည် ကုန်းမြင့်ပိုင်း မြို့တစ် မြို့ဖြစ်သည့် ကက်ဇ်ကိုတွင် ရောက်ရှိနေကြောင်း ရဲများက ဆိုသည်။ ၎င်းသည် သေဆုံးချိန်တွင် ဂျင်းဝတ် စုံများ၊ ဂျာကင်မီးခိုးရောင်တစ်ထက်၊ ဦးထုပ်၊ ရှူးဖိနပ်တို့ကို ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ ကျောပိုးအိတ် တစ်လုံး လည်း လွယ်ထားကြောင်း သိရှိရသည်။ ၎င်းသည် လူမနေသည့်အိမ်၏ ဒုတိယထပ် မျက်နှာကျက် လျှပ် စစ်ကြိုး လိုင်းများမှ ကြိုးတစ်ကြိုးဖြင့် ဆွဲကြိုးချလျှက် ရှိနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က မီဒီယာများကို အသိပေး ခဲ့သည်။

လက်ဗွေ မှတ်တမ်း အရ အလောင်းမှာ ကက်စ်တီလိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ၎င်းသေ ဆုံးမှု သည် သူတစ်ပါး လုပ်ကြံခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း ဆိုသည်မှာ ပြောဆိုရန် စောလွန်း သေးကြောင်းလည်း ရဲများက ဆိုသည်။ နိုဝင်ဘာလ (၂၃)ရက်နေ့က ဗယ်လ်ပါရိုင်ဆို အနီးရှိ ကြီလ္ဂြီ မြို့ငယ်လေးတွင် ကလေးတစ်ဦးအား စတေးသတ်ဖြတ်မှုအတွက် ရဲများက ကက်စ်တီလိုနှင့် အခြား လူ (၂)ဦးကို လိုက်လံ ရှာဖွေနေပြီး ကက်စ်တီလိုကို သက်မဲ့ ခန္ဓာကိုယ်အဖြစ် ပြန်လည် တွေ့မြင်ခဲ့ခြင်းဟု သိရှိ ရသည်။ 

Source: CTV News
From: Planet Myanmar Network 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်