Thursday, May 02, 2013

1500 တန်ဖုန်းများမြို့နယ်ကျော်ယူဆောင်အသုံးပြုလို့မရ

Posted by drmyochit Thursday, May 02, 2013, under | No comments


 ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချ ပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပ မြို့နယ်အချို့ တွင် လိုင်း မမိခြင်း များဖြစ် ပေါ် နေကြောင်း သိရသည်။

““ကျွန်တော် မနေ့က အလုပ် ကိစ္စနဲ့ သိမ် ဇရပ်ကို သွားရ ပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန်CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင် ရောက် တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံ တောင် ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူ တစ်ဦး ကပြောသည်။

““ကျွန်မရန် ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချ ပေးတယ်။ အခု ရောင်းပေး တဲ့ ဖုန်းတွေ ကို ကိုင် ကြည့် ချင်တာနဲ့ ညီမလေး ဆီက နေယူ သွားကြည့် တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေက မမိတော့ ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကို ရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲ သူတစ် ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွား ရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင် ဖို့ ဆိုတာ အခု လောလော ဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။



ဖြိုးအောင်
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်