Thursday, May 02, 2013

ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးပြီး နေရာ၌ပင် ပိုးသတ်ဆေးသောက်သေ

Posted by drmyochit Thursday, May 02, 2013, under | No comments


ရန်ကုန်- မြောက် ဥက္က လာပ မြို့နယ် ရွှေ ပေါကံ္က မြို့သစ်ရှိ အအေး ဆိုင် တစ်ခု တွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူစုံ တွဲချင်း စကား များရာမှ လူသေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ရွှေ ပေါက္ကံ မြို့သစ်ရှိ လှိုင် ရတနာ အအေး ဆိုင် အတွင်း (၂၇) နှစ်အရွယ်ရှိ ယာဉ်နောက်လိုက် အောင်မြင့် ထွန်းသည် (၂၁) နှစ်အရွယ် ဂျီတီအိုင် နောက်ဆုံးနှစ် ကျောင်း သူ ၎င်း၏ ချစ်သူနှင့် စကား များကြရာမှ အောင်မြင့် ထွန်းသည် ချစ်သူမိန်းကလေးကို အရိုးအသွား ငါးလက်မခန့်ရှိ စတီးလ်ဓားဦးချွန်ဖြင့် လည်ပင်း၊
ဝဲနံကြား၊ ၀ဲတံတောင်နှင့် ယာလက် ဖျံတို့ကို ထိုးခဲ့သည်။ ထို့နောက် အသင့်ပါ လာသော ပိုးသတ်ဆေး နှစ် ပုလင်း သောက်ကာ မိမိ ကိုယ်ကို သေကြောင်း ကြံစည် ခဲ့ခြင်း ဖြစ်သည်။

အောင်မြင့် ထွန်းသည် အဆိပ် သောက်ပြီးနောက် သေဆုံး သွားပြီး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သော မိန်း ကလေးမှာ မြောက် ဥက္ကလာပ ဆေးရုံတွင် အတွင်း လူနာ အဖြစ် ကုသ လျက် ရှိကြောင်း သတင်း ရရှိသည်။

7Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်