Tuesday, November 05, 2013

အဇ္ဈတ္တဒိုင်ယာယီ

Posted by drmyochit Tuesday, November 05, 2013, under | No comments

ထမင်းခြောက်နဲ့ထန်းလျက် လဲ၊ ထန်းလျက် ၂ ပိဿာ

ထမင်းခြောက် ရွာအနောက်ပိုင်းက မိဖား ရောင်း- ၀တ္ထု ၁၀၀ ကျပ်

ကျောင်းခြံစည်းရိုးမှ မန်ကျီးသီးရောင်း - ၀တ္ထုငွေ ၂၀၀ ကျပ်

နောက်ထပ် ရောင်းဘို့ ထမင်းခြောက်လက်ကျန် တစ်တင်းခွဲဝင်အိတ်နဲ့ ၂ အိတ်

(ကပ္ပိယကြီး ဦးညိုကြီး၏ ဒိုင်ယာယီ)
ဘယာကြော်ငါးခုဘိုး- တောင်ပိုင်း ဒေါ်ခွေး

ကြက်သွန်ပေါင်းကြော်- ဆယ်ခု အနောက်ပိုင်းက ဒေါ်ကြီးမတင်ပု

ကိုသာအိုးကို ဗူးသီးငါးလုံးဘိုးပေးရမယ်

ကြီးဒေါ်မတင်အေးကို ဆီတစ်ပိဿာဘိုးပေးရမယ်

(အကြော်သည်မ မပု ဒိုင်ယာယီ)
မောင်ကံသာ၏ နွားခိုးမှု- 10. 09. 2008

ဦးလှထွန်းနှင့် ဦးညီပုတို့၏ ကုမ္ပဏီပြဿနာ - 18. 10. 2008

မောင်နိုင်မိုးနှင့်မခင်နွယ် မင်္ဂလာပွဲ- 20. 11. 2008

ကိုဖိုးကွန်း ခြံမြေရောင်းဝယ်မှုပြဿနာ- 01. 01. 2009

(ရှေ့နေကြီး ဦးသာမြတ်၏ဒိုင်ယာယီ)
ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့- ငါးဘာသာဂုဏ်ထူးဖြင့် အောင် 10. 07. 2008

ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့- 10. 12. 2008

ဆေးတက္ကသိုလက် စတင်တက်ရောက်ခဲ့- 01. 06. 2009

(ဆေးကျောင်းသူ မအေးမြတ်စန္ဒာ၏ ဒိုင်ယာယီ)

ဒိုင်ယာယီဆိုတာ မှတ်တမ်း၊ ကိုယ့်ဘ၀ရဲ့ ထူးထွေမှုလေးတွေထဲက ထူးခြားမှုလေးတွေ၊ အလုပ်မှာ မေ့ သွားမှာစိုးရိမ်ပြီး ရေးမှတ်ထားကြတဲ့ အကြောင်းအရာလေးတွေပေါ့။ အဆိုးတွေ ပါတတ်သလို အများ အားဖြင့်ကတော့ အကောင်းလေးတွေချည်း ရေးမှတ်တတ်ကြပါတယ်၊ သူခိုးတစ်ယောက်ရဲ့ဒိုင်ယာယီ ထဲမှာတော့ သူခိုးလို့ရတဲ့ပစ္စည်းတွေ ရေးမှတ်ကောင်းမှတ်ပါမယ်၊ ဒါပေမယ့် ဘယ်သူ့အိမ်က ဘယ်လောက် ဘယ်မျှဆိုတာကိုတော့ မှတ်သားလေ့မရှိပါဘူး၊ ဘာကြောင့်ဆို အဲဒီလိုမှတ်ခဲ့ရင် အဲဒီဒိုင်ယာယီဟာ တစ်နေ့သူ့ကိုဒုက္ခပေးတတ်လို့ပါ၊ လူသတ်သမား တစ်ယောက်ဟာလည်း သူ့ရေး မှတ်တမ်းဒိုင်ယာယီထဲမှာ သူသတ်ခဲ့တဲ့ လူတွေရဲ့နာမည်စာရင်းကို မှတ်သားလေ့မရှိပါဘူး၊ ခုနပြောသလိုပါပဲ သူ့ရဲ့ဒိုင်ယာယီက သူ့လည်ပင်းကို သူကိုယ်တိုင် ကြိုးစားကွင်းစွပ်မှာစိုးလို့ပါ၊ လောက ဒိုင်ယာယီ၊ ဒီဒိုင်ယာယီကို ဗဟိဒ္ဓ- ခန္ဓာကိုယ် အပြင်ပက ဒိုင်ယာယီလို့ ခေါ်ပါတယ်။

အဲဒီဗဟိဒ္ဓဒိုင်ယာယီဆိုတာကတော့ ကိုယ်ရေးချင်တဲ့အကြောင်းအရာလေးတွေကို ရွေးပြီး တော့ ရေးလို့ရပါတယ်၊ ကိုယ်မလိုတာတွေ မရေးဘဲထားလို့လည်း ရပါတယ်၊ အကောင်းလေးတွေကိုပဲ ရွေးနှုတ်ပြီး ရေးတတ်ကြတာကတော့ ထုံးစံပါပဲ။ အဲဒီဒိုင်ယာယီရေးဘို့က အနည်းဆုံးစာကိုရေးတတ် ဖတ်တတ်ဖြစ်ရပါမယ်၊ စာအုပ်တစ်အုပ်၊ ဘော့ပင်တစ်ချောင်း (ဒါမှမဟုတ်) ခဲတံတစ်ချောင်းလိုပါမယ်၊ ပညာတတ်အသိုင်းဝိုင်းတွေကတော့ ဒိုင်ယာယီစာအုပ်ဆိုပြီး သီးသန့်ထားကြပါတယ်၊ ဘုန်းတော်ကြီး ကျောင်းက ကပ္ပိယကြီးတို့လိုလူမျိုးကတော့ ကျောင်းမှာရှိနေတဲ့ သူနေတဲ့ ဇရပ်နံရံဟာ သူ့အတွက် ဒိုင်ယာယီပါပဲ၊ မီးသွေးခဲတစ်ခဲ (ဒါမှမဟုတ်) မြေဖြူခဲအတိုတစ်ချောင်းရှိရင် သူ့အတွက် သူ့ဒိုင်ယာယီ ရေးသားခြင်းကိစ္စပြီးပါတယ်၊ အကြော်သည်မ မပုတို့လိုမျိုးကျတော့လည်း ဗလာစာအုပ်တစ်အုပ်ဆို သူ့အတွက် ဒိုင်ယာယီရေးဘို့ပြည့်စုံပါပြီ။ ဒါတွေက ဗဟိဒ္ဓဒိုင်ယာယီတွေပေါ့။

ဗဟိဒ္ဓဒိုင်ယာယီကိုရေးကြသလို မဖြစ်မနေရေးသင့်တာကတော့ အဇ္ဈတ္တဒိုင်ယာယီပါပဲ၊ ကိုယ်တွင်း ဒိုင်ယာယီပေါ့၊ နှလုံးသားထဲမှာ ရေးရတဲ့ ကိုယ်တွင်းဒိုင်ယာယီပါ၊ အဲဒါက ဟောဒီပစ္စုပ္ပန် လောက တစ်ဘ၀စာတွင်မဟုတ်ပါဘူး၊ သံသရာအတွက်ပါ အရေးပါမှာမို့ပါ၊ ရေးသင့်ပါတယ်၊ ရေးဘို့ အလွန်ပဲ လိုအပ်ပါတယ်၊ ဗဟိဒ္ဓဒိုင်ယာယီမှာကတော့ ကိုယ်ရေးလိုရာတွေ ရွေးရေးလို့အဆင်ပြေ ပေမယ့် အဇ္ဈတ္တဒိုင်ယာယီမှာကတော့ ကိုယ်အကြောင်း ကိုယ်လုပ်တဲ့အကြောင်း မချွင်းမချန် အားလုံးရေးသားဘို့ရေးသားဘို့လိုပါတယ်၊ ဗဟိဒ္ဓဒိုင်ယာယီက လိမ်လို့ရ ညာလို့ရပါတယ်၊ အဇ္ဈတ္တဒိုင်ယာယီမှာကတော့ လိမ်လို့ညာလို့ မရပါဘူး၊ အဲဒီလိုလုပ်ရင်လည်း အနည်းဆုံး ကိုယ်လုပ်တာကို ကိုယ်ကိုယ်တိုင်က သိနေပါတယ်၊ လိမ်လည်း ကိုယ်ခံ၊ မလိမ်လည်း ကိုယ်အတွက် ချည်းပါပဲ၊ ဘယ်လိုရေးကြမလဲ၊ ဒီလိုလေးရေးရပါမယ်။

၁။ နှလုံးသားဆိုတဲ့ စာမျက်နှာပြင်ပေါ်မှာ (နှလုံးသားစာအုပ်)

၂။ စိတ်ဆိုတဲ့ ကလောင်တံလေးနဲ့

၃။ ညအိပ်ရာဝင်ချန်

၎။ နဖူးပေါ်လက်တင်

၅။ စဉ်းစားခန်းဝင်ပြီး

၆။ ငါဒီနေ့ ဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေပြောခဲ့သလဲ၊ ဘာတွေတွေးခဲ့သလဲ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်