Tuesday, November 05, 2013

အင်တာနက် ဘဏ်စနစ် စတင်အကောင်အထည်ဖော်

Posted by drmyochit Tuesday, November 05, 2013, under | No comments


Tuesday, November 5, 2013

ပြည်တွင်း ဘဏ်လုပ်ငန်းများတွင် Internet Banking စနစ်ကို ယခုနှစ် အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပုဂ္ဂ လိကဘဏ်အသိုင်းအဝိုင်းမှ သိရ သည်။ အဆိုပါမိုဘိုင်းဘဏ် Internet Banking စနစ်ကို လုပ် ဆောင်ရန် ပြည်တွင်းတွင်အသုံးပြုနေသော အင်တာနက်လိုင်းနှင့် အခြေခံအဆောက်အအုံ လိုအပ် ချက်များရှိနေသေးကြောင်း သိ ရသည်။ သမဝါယမဘဏ်အုပ်ချုပ် မှုဒါရိုက်တာဦးဖေမြင့်က ''ဒီနှစ် ထဲမှာပဲ Internet Banking စ လုပ်မယ်။ အဲဒါတော့ အင်တာ နက်ကောင်းဖို့လိုသေးတယ်။ အင် တာနက်မကောင်းရင် မရဘူး''ဟု ပြောသည်။

အာဆီယံဒေသတွင်း နိုင်ငံ များနည်းတူ ဘဏ်လုပ်ငန်းဖွံ့ဖြိုး ရေးအတွက် Mobile Banking စနစ်နှင့် Internet Banking စနစ် များ အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ဘဏ်လုပ်ငန်း ရှင်များအသိုင်းအဝိုင်းက ဆိုသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက ကျင်းပလျက် ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ''ဗဟိုဘဏ် အနေနဲ့ မိုဘိုင်းဘဏ်ကင်းစနစ် ခွင့်ပြုဖို့အတွက် စီစဉ်နေပါတယ်'' ဟု လွှတ်တော်သို့ ပြော သည်။

လက်ရှိမိုဘိုင်းဘဏ်စနစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန် မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြ ထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ် ငါးခုခန့်ရှိကြောင်း သိရသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းဦးက''မြန်မာ့ဆက်သွယ် ရေးလိုင်းနဲ့ ဗဟိုဘဏ်က ခွင့်ပြု ချက်ပေးရင် ပြည်တွင်းမှာအကောင် အထည်ဖော်နိုင်မှာပါ။ လက်ရှိအ နေအထားက အီလက်ထရွန်နစ် ပေးမန့်တွေ လက်ဆုပ်လက်ကိုင် မရသေးဘူး။ Internet Banking အသေးလေးတွေဖြစ်တဲ့ အက်ပ လီကေးရှင်းလေးတွေတော့ စ တင်နေပါပြီ''ဟု ပြောသည်။

အာကာ
The Yangon Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်