Tuesday, November 05, 2013

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရန် မဟာ ဓာတ်အားလိုင်းများ သွယ်တန်းနေ

Posted by drmyochit Tuesday, November 05, 2013, under | No comments

မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တန်းတူ ညီမျှဖွံ့ဖြိုး တိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးဒေသ၌ ၂၄ နာရီ လျှပ်စစ် မီးလင်းနိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်းကြီးများကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်မှ တစ်ဆင့် သွယ်တန်းလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။ ထိုသို့သွယ်တန်းရာတွင် တောင်ပေါ်ဒေသဖြစ်သည့် အလျောက် လျှိုမြောင် ချောက်ကြားများကို ကျော်ဖြတ်လျက် ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်သားကြီးများက ခက်ခက်ခဲခဲ လုပ်ကိုင်နေရ ခြင်းဖြစ်သည်ဟု ဂန့်ဂေါ-ဟားခါး ၆၆ KV ဓာတ်အားလိုင်းတည် ဆောက်ရေး အင်ဂျင်နီယာတစ်ဦး က ပြောကြားခဲ့သည်။ အဆိုပါ သွယ်တန်းတည် ဆောက်လျက်ရှိသော ၆၆ KV မဟာ ဓာတ်အားလိုင်းကြီးကို ME-PE ဌာနနှင့် MOEP ဌာနတို့ ပူးပေါင်း တည်ဆောက်နေခြင်း ဖြစ်သည်။ ဂန့်ဂေါ- ဟားခါးမြို့နှစ်မြို့သည် ကားလမ်းမိုင် ၈၅ မိုင်ခန့်ကွာဝေး သော်လည်း တောင်တန်းများ အလွန်ထူထပ်လျက်ရှိပြီး ရာသီမရွေး သွားလာနိုင်ရန် အခက်အခဲများ ရှိကြောင်း သိရသည်။ သို့သော် အခက်အခဲများကြားမှ သတ်မှတ် စီမံကိန်းကာလအတွင်း ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို ပြီးစီးအောင် လုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဓာတ် အားလိုင်းတည်ဆောက်ရေး လုပ်သားကြီးများက ပြောပြခဲ့သည်။ အဆိုပါ မဟာ ဓာတ်အားလိုင်းကြီး သွယ်တန်းလျက် ရှိသော တောင်ပေါ် ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းခန့်က မိုးရွာသွန်းမှုအလွန် များပြားခဲ့သော်လည်း ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ရပ်နားထားခြင်း မရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်