Tuesday, November 05, 2013

မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်

Posted by drmyochit Tuesday, November 05, 2013, under | No comments

မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်း တို့အား လွှတ်တော်၌ ဆွေးနွေး စဉ်းစားရန် အဆိုကို ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် တင်သွင်း ရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ 
ြ်ပည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးစောမော်ထွန်းက အဓိက ပြင်ဆင်သည့် အကြောင်းအရာမှာ ဝင်ငွေခွန် ဥပဒေအရ အခွန်ကောက်ခံနိုင်ရန် အတွက် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ အသီးသီးတွင် ''ဝင်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်'' ဆိုသည့် အခွန်ကင်းလွတ်ခွင့် ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်ကောင်စီဝင်များ၏ လစဉ်ချီးမြှင့် ငွေများကို နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် အရလျှော့ချ၍ ခံစားလျက်ရှိကြပါကြောင်း၊
သို့ရာတွင် သက်ဆိုင်ရာ ဥပဒေများ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ချီးမြှင့်ငွေများကို ယခုတိုင် လျှော့ချပြင်ဆင်ခြင်း မပြုလုပ်ရသေးသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေ ပြဋ္ဌာန်းချက် အတိုင်း မခံစားဘဲ ယခုတိုင် လျှော့ချ၍ ဆက်လက် ခံစား မည် ဆိုပါက သက်ဆိုင်ရာ ဥပဒေများ၌ လျှော့ချပြင်ဆင် ပြဋ္ဌာန်းပေးရန် လက်တွေ့ကျကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
ဥပဒေပြဋ္ဌာန်း ချက်အတိုင်း မခံစားခြင်းသည် ယာယီသဘော မဟုတ်ဘဲ သက်တမ်းအားဖြင့် ထက်ဝက်ကျော်ခဲ့ပြီဖြစ်ရာ သက်ဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရန် အချိန်သင့်ပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ စရိတ်နှင့် အဆောင် အယောင် သတ်မှတ်ချက်များသည်လည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့်တရား စီရင်ရေး နယ်ပယ်(၃)ရပ် စလုံး အတွက် ဖြစ်နိုင်သမျှ ညီညွတ်မှု ရှိအောင် ပြင်ဆင်ပြဋ္ဌာန်း သင့်သည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်း ဥပဒေကြမ်း အပေါ် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များ အတိုင်း အတည်ပြုဆောင်ရွက်နိုင်ရန် တင်ပြအပ်ပါကြောင်းဖြင့် ကော်မတီ၏ အစီရင်ခံစာကို တင်သွင်း ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်