Ringtone သံ တစ်မျိုးတည်းပဲ ကြားနေရတာဟာ တစ်ခါတစ်လေ ..
ညည်းငွေ့စရာကောင်းပါတယ်။ ဖုန်းလာတိုင်း Ringtone သံ ..
တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲပြီး မြည်စေချင်တယ်ဆိုရင်တော့ ..
Ringtone Randomizer နဲ့ ပြောင်းလဲနိုင်ပါတယ်။ မိမိ နှစ်သက်ရာ ..
Ringtone များကို ရွေးချယ်ပေးထားပြီး ဖုန်းတစ်ခါလာတိုင်း ..
Ring သံ တစ်မျိုးစီ ပြောင်းပေးပါတယ်။ Ringtone အပြင် ..
Notification အသံများကိုလဲ Random စနစ်ဖြင့် အမျိုးမျိုး ..
ပြောင်းသွားအောင် လုပ်ပေးတယ်။ ကျွန်တော်ဆို သဘောကျတဲ့
Ringtone သုံးမျိုးလောက် ရွေးပေးထားတယ်။ ဖုန်းလာတိုင်း ..
တစ်မျိုးစီ အလှည့်ကျ ပြောင်းပေးနေတော့ လန်းတယ်ဗျ။
အသုံးပြုပုံကလဲ လွယ်ပါတယ်။ ကိုယ်ထည့်ထားချင်တဲ့ အသံများကို
ရွေးပေးလိုက်ရုံပါပဲ။ အပေါ်ဆုံးက Phone Ringtone ဆိုတာကို
အမှန်ခြစ်ပေးပြီး on လိုက်ရင် စတင် အလုပ်လုပ်ပါပြီ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download -
ပျော်ရွှင်ပါစေ။
Mr.AD
Time in Rangoon


0 comments:
Post a Comment