Tuesday, November 05, 2013

First Look: LG ‘G Pad’

Posted by drmyochit Tuesday, November 05, 2013, under | No comments

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရောနစ် ကုမ္ပဏီက IT Gadgets တွေမှာလည်း ခြေလှမ်းကျဲနေတာကို ပရိသတ်တွေ သတိထားမိမှာပါ။ ရက်ပိုင်းကမှ ထွက်ရှိထားတဲ့ Nexus 5 စမတ်ဖုန်းဟာလည်း LG နဲ့ Google ပူးပေါင်းထုတ်လုပ် လိုက်တဲ့ Android 4.4 (KitKat) ကိုပထမဆုံး အသုံးပြုထားကာ LG G2 ဖုန်းနဲ့ Hardware ပိုင်းမှာ ဆင်တူနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒါကြောင့် ဒီလိုခြေလှမ်းကျဲနေတဲ့ LG ရဲ့ ရှားရှားပါးပါး Tablet တစ်လုံးဖြစ်တဲ့ G Pad နဲ့မိတ်ဆက် ပေးလိုက်ပါတယ်။

နာမည်အပြည့်အစုံကတော့ LG G Pad 8.3 ဆိုတဲ့အတိုင်းပဲ မျက်နှာပြင်အကျယ် ၈.၃လက်မ WUXGA Capactivite Touchscreen ဖြစ်ပါတယ်။ Screen ကိုဖွင့်ဖို့ Power ခလုတ်ကို နှိပ်နေစရာမလိုတော့ဘဲ Screen ကို နှစ်ချက်ထိလိုက်ရုံဖြင့် ပွင့်လာစေမယ့် KnockOn ဆိုတဲ့ Feature လည်းထည့်သွင်း ထားပါတယ်။

1920×1200 Resolution ရှိပြီး စာဖတ်ခြင်းနဲ့ Web Browsing လုပ်ခြင်းတွေမှာ အဆင်ပြေစေမှာပါ။

တပ်ဆင်ထားတဲ့ Chipset က Qualcomm ရဲ့ Snapdragon 600 ဖြစ်ပြီး CPU ကတော့ Quad-core 1.7 GHz Krait 300 ပါ။ RAM 2GB စီစဉ်ပေးထားကာ ဂရပ်ဖစ်ကိုလည်း Adreno 320 တပ်ဆင်ထားတာကြောင့် ဂရပ်ဖစ်မြင့်မားတဲ့ Tablet တစ်လုံးပဲ ဖြစ်ပါတယ်။

ကင်မရာက 5MP အရည်အသွေးနဲ့ တပ်ဆင်ထားတာဖြစ်ပြီး Autofocus, LED Flash, Geo-Tagging, Image Stabilization, Time catch shot & VR panoramas စတဲ့ Features တွေလည်း အစုံအလင်ပါဝင် နေပါတယ်။ ဗီဒီယိုတွေကိုလည်း 1080p@30fps အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ရှေ့ကင်မရာ 1.3 MP ဖြစ်ပါတယ်။

Tablet အတွင်းမှာ အချက်အလက်သိုလှောင်ဖို့ 16GB built-in storage ပါဝင်ပြီး မလုံလောက်သေးရင် ထပ်မံချဲ့ထွင်ဖို့ microSD card slot လည်း စီစဉ်ပေးထားပါတယ်။ 4600 mAh Li-ion Battery တပ်ဆင်ပေးထားကာ ဘက္ထရီသက်တမ်း ၇နာရီကျော် ဆက်တိုက်သုံးစွဲနိုင်မှာပါ။

အင်တာနက်ချိတ်ဆက် သုံးစွဲဖို့ကတော့ Wi-Fi စနစ်တစ်မျိုးတည်း ရှိကာ အလေးချိန် 338 ဂရမ်ဖြစ်ပြီးတော့ သုံးစွဲထားတဲ့ ချစ်ပ် Snapdragon 600 ဆိုတာက ဝေဖန်စရာ တစ်ခုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးပေါ်မဟုတ်လို့ပါ။

ဒီဇိုင်းလေးက လှပပြီး ဒေါ်လာ ၃၅၀ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ OS က Android 4.2.2 (Jelly Bean) ဖြစ်ပြီးတော့ Power ခလုတ်နဲ့ အသံအတိုး/အကျယ် ခလုတ်တွေဟာ Tablet ရဲ့ ညာဘက်မှာ ပါဝင်နေတာပါ။ 

Ref: Engadget, GSM Arena

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်