Tuesday, November 05, 2013

ဂျော်ဒန်နိုင်ငံရှိ ဆီးရီးယား ဒုက္ခသည်များအတွက် ဂျပန်နိုင်ငံမှ ယန်း ၁ ဘီလီယံ ထောက်ပံ့မည်

Posted by drmyochit Tuesday, November 05, 2013, under | No comments

ဆီးရီးယားမှ ဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံထားသော ဂျော်ဒန်နိုင်ငံ၏ ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေရန်အတွက် ဂျပန်နိုင်ငံက ယန်း ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ၁ဝ ဒသမ ၁ သန်း) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ဂျော်ဒန်နိုင်ငံ စီမံရေးရာ ဝန်ကြီး အီဘရာဟင်မ်ဆေ့ဖ်က နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ဂျော်ဒန်နိုင်ငံသည် ဒေသတွင်း နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် အတွက် ဂျပန်နိုင်ငံမှ ထိုကဲ့သို့ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းနှင့် ၎င်းငွေကြေးများကို ဒုက္ခသည် စခန်းများတွင် မိလ္လာကန်နှင့် ရေတိုင်ကီများ ဝယ်ယူရန်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုသွားမည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံ မြောက်ပိုင်းနယ်စပ်အနီး Zaatari ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁ဝဝ,ဝဝဝ ကျော်အပါအဝင် ဆီးရီးယား ဒုက္ခသည်ပေါင်း အနည်းဆုံး ၅ဝဝ,ဝဝဝ ခန့်ရှိကြောင်း သိရသည်။
၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံသည် ဂျော်ဒန်နိုင်ငံ အတွင်းရှိ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၇၃ သန်း ထောက်ပံ့ပေး ခဲ့ကြောင်း ဂျော်ဒန်နိုင်ငံ စီမံရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်