Tuesday, November 05, 2013

ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာအခမ်းအနားများ

Posted by drmyochit Tuesday, November 05, 2013, under | No comments

မင်္ဂလာအခမ်းအနားသည် လူ့ဘဝတွင် အတော်အတန်ကုန်ကျစရိတ်များသော ကိစ္စတစ်ရပ်ဟု ဆိုနိုင်သည်။ အမေရိကန်နိုင်ငံတွင် မင်္ဂလာဆောင်တစ်ခုအတွက်ပျမ်းမျှ ကုန်ကျငွေမှာ ဒေါ်လာ သုံးသောင်းရှိသည်ဟုသိရသည်။ဂုဏ်သိက္ခာရာထူးကြီးသူများ၊ငွေကြေးချမ်းသာသူများ၊ ထင်ပေါ်ကျော်ကြားသူများ ဘုရင့်ဆွေတော်မျိုးတော်များ စသူတို့သည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသော မင်္ဂလာအခမ်းအနားကြီးများကို ပြုလုပ်ကျင်းပလေ့ရှိကြသည်။ ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အများဆုံး မင်္ဂလာ အခမ်းအနားငါးခုကို ဖော်ပြလိုက်ပါသည်။

(၁) Prince Charles နှင့် Lady Diana

ပျမ်းမျှကုန်ကျငွေ- ဒေါ်လာ သန်း ၁ဝဝ

ဝေလမင်းသားချားလ်နှင့် မင်းသမီးချောဒိုင်ယာနာတို့၏ ၁၉၈၁ခုနှစ်ကျင်းပခဲ့သော မင်္ဂလာအခမ်းအနားသည် ကမ္ဘာ ပေါ် တွင် ကုန်ကျစရိတ်အများဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။ ၂ဝ၁၁ ခုနှစ်တွင်သူ့၏ သားကြီးဝီလျံပြုလုပ်ကျင်းပခဲ့သော စိန့်ပေါလ် ဘုရားကျောင်း (St.Paul’s Cathedral) တွင် ပြုလုပ်ကျင်းပ ခဲ့ခြင်းဖြစ်သည်။ ငါးပေရှိေ သာ မင်္ဂလာကိတ် ပေ၂ဝ ရှည်သော သတို့သမီးဝတ်စုံတို့ သည်လည်း စိတ် ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။

(၂) Vanisha Mittal နှင့် Amit Bhatia
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာသန်း ၆ဝ

ကမ္ဘာ့စီးပွားရေးလောကတွင်အသက်ငယ်ပြီးအောင်မြင်သောစီးပွားရေး လုပ်ငန်းရှင်အာမစ်ဘာတီးယာနှင့်ကမ္ဘာ့သံမဏိသူဌေးကြီး N-Mittal ၏ တစ်ဦးတည်းသောသမီး Vanisha Mittal တို့၏ မင်္ဂလာပွဲသည် ကြားရ သူများကို အံ့သြရစေသည်။ ၂ဝဝ၄ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ပြုလုပ် ကျင်းပခဲ့ပြီး မင်္ဂလာအခမ်းအနား ဖိတ်ကြားလွှာ ကို လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းအမှတ်တို့နှင့် အတူငွေသေတ္တာထဲထည့်ပြီးပေးပို့ ဖိတ် ကြား ခဲ့သည်။ပြင်သစ်နိုင်ငံဗာ ဆိုင်းနန်းတော်ကြီး တွင် ပြုလုပ် ကျင်းပခဲ့ေ သာ မင်္ဂလာအခမ်းအနားတွင်ကမ္ဘာ့တန်ဖိုးကြီး ရှန်ပိန်များနှင့် ဧည့်ခံခဲ့သည်။

(၃) Prince William နှင့် Kate Middleton
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာသန်း ၃ဝ

မင်းသမီးချောဒိုင်ယာနာ၏ သားကြီး၊ မင်းသားဝီလျံနှင့်ကိတ် မက်ဒဲလ်တန်၏ ၂ဝ၁၁ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သော တော်ဝင် မင်္ဂလာဆောင်သည် ကမ္ဘာပေါ်ရှိ လူအများ အာရုံစိုက်ခြင်းခံခဲ့ရ သည်။ သတို့သမီး၏လည်ဆွဲတန်ဆာ မဝတ်ဆင်ခဲ့ခြင်းကပင် ပြော စမှတ် ဖြစ်ခဲ့သည်။ မင်္ဂလာပွဲတွင် အသုံးပြုခဲ့သော ပန်းတန် ဖိုးငွေမှာ ဒေါ် လာရှစ် သိန်းခန့်ရှိသည်ဟုသတင်းများကဆိုသည်။ မင်္ဂလာ အခမ်း အနားကို စိန့်ပေါလ်ဘုရားကျောင်းတော်ကြီးတွင် စီရင်ကျင်းပခဲ့ပြီး ပရိသတ်ေ ပါင်း နှစ်ဘီ လီယံ ခန့် စောင့်ကြည့်ခဲ့ကြသည်။

(၄) Wayne Rooney နှင့် Coleen Mcloughlin
ပျမ်းမျှကုန်ကျငွေ -ဒေါ်လာ ခုနစ်သန်း

၂ဝဝ၈ခုနှစ်တွင် အင်္ဂလန် ဘောလုံးသမား ရွန်းနီနှင့် သူ၏ငယ်ချစ် Coleen Meloughlin တို့ မင်္ဂလာဆောင်ခဲ့ကြသည်။ဖိတ်ကြားခံရသော ဧည့်သည်တော် ၆၅ယောက် ပါဝင်သော စင်းလုံးငှားလေယာဉ် သည် အီတလီနိုင်ငံဂျီနိုအာမြို့သို့ ရောက်ရှိလာပြီးနောက် ဒေါ်လာသန်း ၁၂ဝကျော်တန်သော ရွက်လှေစီးခဲ့ကြသည်။ ယင်းနောက် ဧည့် သည် တော်များကို ကြယ်ငါးပွင့် ဟိုတယ် တွင်ဧည့်ခံခဲ့ကြသည်။နောက်ဆုံးကမ္ဘာပေါ်တွင် အလှဆုံး နှင့် တန်ဖိုး ကြီးကြီးပေးရသော ၁၇ရာစုဖီလာနှင့် အီတလီ တံငါရွာ ကလေးဖြစ်သော ပေါ်တိုဖီဒို (Protofino) အထက်ပိုင်းအလယ်ခေတ်ဆန်း ခန်းမကြီးတစ်ခုတွင်မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

(၅) Liza Minnelli နှင့် David Gest
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာ ၄ ဒသမ ၁ သန်း

၂ဝဝ၂ခုနှစ်၊ မတ်လတွင်ပြုလုပ် ကျင်းပခဲ့သောကမ္ဘာကျော်ရုပ်ရှင် မင်းသမီး Liza Minneli နှင့် ထုတ်လုပ် ရေးပိုင်ရှင် David Gest တို့၏ မင်္ဂလာ ပွဲကို ဂရမ်မီဆု ပေးပွဲ နှင့် ခိုင်းနှိုင်းကြသည်။ နယူးယောက် မြို့ရှိနာမည်ကျော် Regent ဟိုတယ် တွင် ဧည့်ပရိသတ်ပေါင်း ၈၅ဝကျော်နှင့် ပြုလုပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ထင်ရှားကျော်ကြား သူများ စွာတက်ရောက်ခဲ့သော ယင်းပွဲသို့ အဆိုတော် မိုက်ကယ်ဂျက်ဆင်၊အဲလစ် ဇဘတ်တေလာ၊ဒိုင်ယာနက်ရို့စ်စသူ တို့တက်ရောက်ခဲ့ကြသည်။

ဧပရယ်မိုးဆက်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်