Tuesday, November 05, 2013

ဆိုင်ကယ် (၂)စီးခိုးယူသူအားဖမ်းဆီးရမိ

Posted by drmyochit Tuesday, November 05, 2013, under | No comments

ရန်ကုန်၊ နိုဝင်ဘာ ၅

၃၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ စန်းလွင်ဦး (ဘ)ဦးကြည်သန်း၊ လှိုင်သာယာမြို့နယ်နေသူအား ဖမ်းဆီးရီမန်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ စန်းလွင်ဦးသည် ၂၀၁၃ခုနှစ်၊ (၅)လပိုင်း၊ ရက်မမှတ်မိ
နေ့က ပဲခူးမြို့နယ်၊ ဈေးပိုင်း ညွန့်ရုပ်ရှင်ရုံအနီး ရပ်ထားသော Dream စာတမ်းပါ HONDA -125 အစိမ်း/အပြာရောင် လိုင်စင်မဲ့ဆိုင်ကယ်
(၁)စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၆၃၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ (၅)လပိုင်း၊ ရက်မမှတ်မိနေ့ကပင် ပဲခူးမြို့နယ်၊
ဈေးကြီးအနီးရပ်ထားသော Dream စာတမ်းပါ SUNYOKE -110 အနက်ရောင်လိုင်စင်မဲ့ဆိုင်ကယ် (၁)စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၆၃၄/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် 
အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

credit>> Yangon police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်