Tuesday, November 05, 2013

ဂျပန်ဝန်ကြီးချုပ်နှင့် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသည် အကျိုးအမြတ် ရရှိမည် မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ ပြောကြား

Posted by drmyochit Tuesday, November 05, 2013, under | No comments

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့၏ လက်ရှိနှင့် အနာဂတ် ဆက်ဆံရေးသည် အားရကျေနပ်ဖွယ် အခြေအနေတစ်ရပ်သို့ ရောက်ရှိနိုင်မည် မဟုတ်ကြောင်းနှင့် ဂျပန်နိုင်ငံသည် ယခင်ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တောင်းပန်ရန် ပျက်ကွက် ခဲ့သောကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသည် အကျိုးအမြတ် ရရှိမည်မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက ဗြိတိန်နိုင်ငံသို့ သွားရောက်မည့် အလည်အပတ် ခရီးစဉ်မတိုင် မီ နိုဝင်ဘာ ၄ ရက်၌ ဘီဘီစီ သတင်း ဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။

မကြာသေးမီလများက အမေရိကန် နိုင်ငံသည် အာရှဒေသရှိ ၎င်း၏အဓိက စစ်ရေး မဟာမိတ် နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား ပြန်လည် သင့်မြတ်မှု ရရှိရန်ကြိုးပမ်း ခဲ့သော်လည်း အနည်းငယ်သာ တိုးတက်မှုရှိခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းက မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီး ယား ဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်သည့် သဘောတူညီချက် တစ်ရပ် အကောင် အထည် ဖော်ရန် တစိုက်မတ်မတ် ကြိုးပမ်း နေချိန် တွင် တောင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေး မပြေလည်မှုများသည် အဓိကပြဿနာ တစ်ရပ်ဖြစ်လာသည်။ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ သည် တောင်ကိုရီးယား နိုင်ငံတွင် ပြုလုပ်မည့် ၆ နိုင်ငံ ဆွေးနွေးပွဲအဖွဲ့ဝင် နိုင်ငံများဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ထင်မြင်ချက်များ တိုးမြင့် ဖြစ်ပေါ် လျက် ရှိသည်။မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ နှစ်နိုင်ငံ သံတမန်များသည် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံမှုများ ဆက်လက် ပြုလုပ်နေသော်လည်း ပတ်ဂွမ်ဟေးနှင့် အာဘေးတို့၏ ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်သည် မြောက်ကိုရီးယား နိုင်ငံနှင့် ညီညွတ်သည့် အင်အားစု တစ်ရပ်အဖြစ် ပြသရာတွင် အရေးပါသည့် ဆွေးနွေးပွဲတစ် ရပ် ဖြစ်လာမည်ဟု လေ့လာ ဆန်းစစ်သူများက ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်