Saturday, July 21, 2012

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား တင်းမာနေသောနယ်စပ်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များအား ပြောင်းလဲနေရာချထားလိုက်ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

Xinhuanet.com;July-17(Tue)
          ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ဘက်တပ်ဖွဲ့ဝင်များအား ရုပ်သိမ်း ရန် နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့ပြီးနောက် ပရိရှ်ဝိဟာရဘုရားကျောင်းပတ်လည်၌ စစ်ဘက်တပ်ဖွဲ့ဝင်များအစား ထိုင်းနယ်ခြားစောင့်ရဲများအား အစားထိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။ ယူဘွန်ရက်ချက်သနီပြည်နယ်၊ ယူဒုံသနီပြည်နယ်နှင့် ဆခွန်နခွန်ပြည်နယ်တို့မှ နယ်ခြားစောင့်ရဲများအပါအဝင် ရဲတပ်ခွဲ ၄ ခွဲ သည် ဆီဆာခတ် ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်း၌ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ဘက်တပ်ဖွဲ့ဝင်များထံမှ တာဝန်လွှဲပြောင်းယူရန် အသင့်စောင့်ဆိုင်းလျက်ရှိပါသည်။
          နယ်စပ်ဒေသအားကာကွယ်ရန် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏စွမ်းရည်အပြည့်အဝအား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား အိမ်နီးချင်းပီသမှုကိုထိန်းသိမ်းရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား စည်းကမ်းတိကျစွာလိုက်နာရန် ညွှန်ကြားထားကြောင်း ယူဘွန်ရက်ချက်သနီနယ်ခြားစောင့်ရဲတပ်ဖွဲ့တပ်မှူး ရဲမှူးကြီး  Sunthorn Praditthaen က ပြောကြားခဲ့ပါသည်။ စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် တာဝန်လွှဲပြောင်းခြင်းမပြုမီ နယ်မြေဒေသ အားရင်းနှီးမှုရှိစေရန် ဇူလိုင်လ ၁၇ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့တစ်ဖွဲ့အား လေ့လာမှုပြုလုပ်စေမည် ဖြစ်ကြောင်း ရဲမှူးကြီှးSunthorn  က ထပ်လောင်းပြောကြားခဲ့ပါသည်။ နိုင်ငံတကာတရားရုံး၏ အမိန့်နှင့်အညီ အငြင်းပွားမှုဖြစ်ပေါ်နေသော နယ်စပ်ဒေသ၌ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအား လျှော့ချမည်ဟု ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံတို့က လွန်ခဲ့သောရက်သတ္တပတ်က ကြေညာခဲ့ပါသည်။  
          ထိုင်း-ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး  Hor Namhong က ပရိရှ်ဝိဟာရဘုရားကျောင်းပတ်လည် ယာယီစစ်မဲ့ဇုန်မှ စစ်သည် ၄၈၆ ဦးအားအပြည်ပြည်ဆိုင်ရာတရားရုံး၏အမိန့်အားလိုက်နာပြီး ဇူလိုင် ၁၈ ရက်နေ့တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Tovichakchaikul  က အဆိုပါ နေရာသို့ အာဆီယံမှလေ့လာသူများအား ဝင်ရောက်ခွင့်ပြုရန်အတွက် တာဝန်လုပ်ပိုင်ခွင (Terms of Reference)  မူကြမ်းပြုစု သွားမည်ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားအစိုးရက အပြည်ပြည်ဆိုင်ရာတရားရုံးအား ၁၉၇၆ခုနှစ်တွင် တရားရုံးကထုတ်ပြန်ခဲ့သည့် ပရိရှ်ဝိဟာရစည်းမျဉ်းအား အလွယ်တကူနားလည်စေရန်နှင့် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် မေးမြန်းခဲ့ပါသည်။
          ၁၉၆၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းအရ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံ အတွင်းပါဝင်သော်လည်း အဆောက်အအုံပတ်လည်နယ်နိမိတ်အား မသတ်မှတ်ရသေးပေ။ ၎င်းအချိန်မှစ၍ နှစ်ဖက်တပ်များ မကြာခဏတိုက်ခိုက်မှုများဖြစ်ပွားလာခဲ့ခြင်းဖြစ်ပါသည်။ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည့် တရားရုံးအမိန့်တွင် ထိုင်းနှင့်ကမ္ဘောဒီးယားတပ်များ ယာယီစစ်မဲ့ဇုန်မှချက်ချင်းဆုတ်ခွာရန်နှင့် စစ်မဲ့ဇုန်အတွင်း တပ်စခန်းချထားခြင်းမပြုရန်၊ ဒေသဆိုင်ရာလေ့လာသူများအား အငြင်းပွားမှုဖြစ်ပွားရာနယ်မြေအတွင်း ဝင်ခွင့်ပြုရန် နှင့် သဘောတူညီချက်ရသည်အထိ အာဆီယံနှင့်လက်တွဲလုပ်ဆောင်သွားရန် နှစ်နိုင်ငံစလုံးအားတိုက်တွန်းထား ပါသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ပဋိပက္ခအားဆုံးဖြတ်ရန် 0x158င်းတို့၏ကြန့်ကြာနေမှုများအတွက် ပြန်လည်စိစစ် သွားရန်လည်း ညွှန်ကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်