Saturday, July 21, 2012

အမေရိကန်နိုင်ငံသည် ကာတာနိုင်ငံတွင် ဒုံးပျံကာကွယ်ရေးရေဒါစခန်းတစ်ခု တည်ဆောက်လျက်ရှိသည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

အမေရိကန်နိုင်ငံသည် ကာတာနိုင်ငံရှိ လှိျု့ဝှက်နေရာတစ်ခု၌ ဒုံးပျံကာကွယ်ရေးရေဒါစခန်းတစ်ခု တည်ဆောက်လျက်ရှိကြောင်း၊ အဆိုပါစခန်းသည် အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများ၏အကျိုး စီးပွားများကို အီရန်ဒုံးကျည်များ၏ရန်မှကာကွယ်ရန်ရည်ရွယ်ထားသော စနစ်တစ်ရပ်၏တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အမေရိကန်အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ The Wall Street ဂျာနယ်တွင် ဇူလိုင်လ ၁၇ ရက်နေ့ကဖော်ပြခဲ့ပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံသည် အဆိုပါဒေသအတွင်း ပထမဆုံးအကြိမ် နိုင်ငံစုံစစ်ရေးလေ့ကျင့်ခန်းတစ်ခုဖြစ်သော အကြီးမားဆုံးမိုင်းရှင်းစစ်ရေးလေ့ကျင့်ခန်းတစ်ခုအား စက်တင်ဘာလ အတွင်းပြုလုပ်ရန် ကြိုတင်ပြင်ဆင်လျက်ရှိပါသည်။ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသရှိ အမေရိကန် စစ်ဆင်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရသော အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်သည်  ယူအေအီး နိုင်ငံတွင် လာမည့်လများအတွင်း THAAD ဒုံးပျံကာကွယ်ရေးစနစ်တစ်ရပ်ကို တပ်ဖြန့်ချထားရန်ဆန္ဒရှိနေကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်