Saturday, July 21, 2012

အမေရိကန်ရေတပ်မှ ရဟတ်ယာဉ်တစ်စင်း အိုမန်နိုင်ငံအနီးတွင် ပျက်ကျခဲ့ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

 အမေရိကန်ရေတပ်မှ MH-53 E Sea Dragon ရဟတ်ယာဉ်တစ်စင်းသည် သယ်ယူပို့ဆောင်ရေး တာဝန်ထမ်းဆောင်နေစဉ် ဇူလိုင်လ ၁၉ ရက်နေ့က အိုမန်နိုင်ငံအနီးတွင်ပျက်ကျခဲ့ကြောင်း Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါရဟတ်ယာဉ်သည် တန်ပြန်လှုပ်ရှားစစ်ဆင်ရေးအမှတ် ၁၅ ရဟတ်ယာဉ် အုပ်မှရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၅ ဦးပါဝင်ကြောင်း ၎င်းတို့၏ အခြေအနေကို မသိရှိရသေးကြောင်းနှင့် အိုမန်နိုင်ငံ မူစကတ်မြို့၏အနောက်တောင်ဘက် ၉၂ ကီလိုမီတာ(၅၈မိုင်)ခန့် အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်အလယ်ပိုင်းဒေသစစ်ဌာနချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းရဟတ်ယာဉ်ပျက်ကျရခြင်းသည် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် ပျက်ကျခြင်းမဖြစ်နိုင်ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်