Saturday, July 21, 2012

တစ်ရက်တည်းမှာပင် ဆီးရီးယားဒုက္ခသည် ၈၅ဝဝ ခန့် လက်ဘနွန်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

 ဇူလိုင်လ ၁၉ ရက်နေ့တစ်ရက်တည်းမှာပင် ဆီးရီးယားဒုက္ခသည် ၈၅ဝဝ ခန့်သည် လက်ဘနွန်နိုင်ငံ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းနှင့် အများစုမှာ မြို့တော် ဒမတ်စကတ်နှင့်အနီးဝန်းကျင်မြို့များမှ ဖြစ်ကြောင်း လက်ဘနွန်လူမှုရေးရာဝန်ကြီး ဝေးလ်အဘိုဖိုအာကပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် ထွက်ပြေးတိမ်းရှောင်သူ အရေအတွက် တိုးမြင့်လာခြင်းဖြစ်ကြောင်းနှင့် ၎င်းဗုံးပေါက်ကွဲမှုတွင် လုံခြုံရေးဆိုင်ရာထိပ်တန်း တာဝန်ရှိသူ ၃ ဦးသေဆုံးခဲ့ကြောင်း ဖိုအာကပြောကြားခဲ့ပါသည်။
လက်ဘနွန်အစိုးရအနေဖြင့် အဆိုပါဒုက္ခသည်များကို အကူအညီပေးရန်ဆုံးဖြတ်ထားကြောင်းနှင့် ဒုက္ခသည်ဦးရေတိုးပွာလာနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။ လက်ဘနွန်ကယ်ဆယ်ရေးအဖွဲ့များသည် လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာကော်မရှင်နှင့် NGO  အဖွဲ့အစည်းများနှင့်အတူ နယ်စပ်ဒေသတစ်လျှောက်တွင်ရှိနေပြီး အကူအညီ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီကလည်း အဆိုပါကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကယ်ဆယ်ရေးဆိုင်ရာအဆင့်မြင့်ကော်မတီအား ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်