Saturday, July 21, 2012

ဆီးရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအတွက် မဲခွဲဆုံးဖြတ်ရေးကိစ္စအား လုံခြုံရေးကောင်စီက ရွှေ့ဆိုင်းခဲ့ခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆီးရီးယားနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းအသစ် အပေါ် မဲခွဲဆုံးဖြတ်ရေးကိစ္စအား ရွှေ့ဆိုင်းခဲ့ကြောင်းသိရှိရပါသည်။ ဆီးရီးယား ပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက် ၍ ရုရှားနှင့် ဗြိတိန်နိုင်ငံတို့မှ အဆိုပြုတင်သွင်းထားသော မူကြမ်းစာသားများအကြား ကွဲလွဲမှုများရှိနေသော ကြောင့် မဲခွဲဆုံးဖြတ်ရေးကိစ္စအားဆိုင်းငံ့ထားရန် ကိုဖီအာနန်က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။
 တို့အနေ ဖြင့်  ကုလသမဂ္ဂပဋိညာဉ်အခန်း(၇)ပါဆုံးဖြတ်ချက်အား ဗီတိုအာဏာသုံး၍ပယ်ချသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ က ပြောကြားခဲ့ပါသည်။

 သို့သော် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီနှင့်ပေါ်တူဂီနိုင်ငံတို့က တို့အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်အခန်း(၇)အား အခိုင်အမာဆုပ်ကိုင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဇွန်လ ၃ဝ ရက်နေ့က ဂျီနီဗာ၌ပြုလုပ်ခဲ့သော ဝန်ကြီးများ အဆင့်ဆွေးနွေးပွဲတွင် ချမှတ် ခဲ့သော နောက်ဆုံးကြေညာချက်အား
တို့အနေဖြင့် ကြိုဆိုလက်ခံကြောင်း ရုရှားနိုင်ငံက ၏ဆုံးဖြတ်ချက်မူကြမ်းတွင်ဖော်ပြထားပါသည်။
 
ဆီးရီးယားအတိုက်အခံများညီလာခံက အတည်ပြုထားသော အသွင်ကူးပြောင်းရေးအတွက် အမျိုးသားသဘောတူညီချက်နှင့် ပူးတွဲနိုင်ငံရေးအမြင်ဆုံးဖြတ်ချက်အား ဥရောပမဟာမိတ်နိုင်ငံများက ကြိုဆို ကြောင်း ပြောကြားခဲ့ပါသည်။ ညီလာခံအား ဇူလိုင်လ ၃ ရက်နေ့တွင် မြို့တော်ကိုင်ရို၌ အာရပ်နိုင်ငံများ အဖွဲ့ က ကမကထပြု၍ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ 

ကုလသမဂ္ဂစောင့်ကြည့်ရေးမစ်ရှင်အဖွဲ့ဝင်၏လုပ်ဆောင်မှုအား   ရုရှား နိုင်ငံက ၃ လတိုးမြှင့်ပေးရန်တောင်းဆိုထားသော်လည်း  ဥရောပနိုင်ငံများ၏ဆုံးဖြတ်ချက်မူကြမ်းတွင် ၄၅ ရက်သာ သက်တမ်းတိုးမြှင့်ပေးရန် ဖော်ပြထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်