Saturday, July 21, 2012

ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အဓိကကျသည့်နေရာများအား ပြန်လည်သိမ်းပိုက်ရမိပြီဆိုခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Press TV.com;July-20(Fri)
 
          ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစိုးရဆန့်ကျင်သောလက်နက်ကိုင်အဖွဲ့မှ ထိန်းချုပ်ထားသော နိုင်ငံတစ်ဝှမ်းလုံးရှိအဓိကကျသောနေရာများအား ပြန်လည်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း Press TV  သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒမတ်စကတ်မြို့ဝန်းကျင်al-Midan ဒေသအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များထံမှ လက်နက်ခဲယမ်းများ၊ မော်တော်ယာဉ်များအား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များ Idlib ရှိSilqin ဒေသအားထိန်းချုပ်ရန်အပါအဝင် တူရကီနယ်စပ်အနီးရှိ Bab al-Hawa  နှင့် အီရတ်နယ်စပ်အနီး ရှိal-Bukamal  ဒေသတို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါသည်။ဆီးရီးယားနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ၂ဝ၁၁ ခုနှစ် မတ်လမှစ၍ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပါသည်။ အကြမ်းဖက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူရာပေါင်းများစွာ သေဆုံးခဲ့ပါသည်။ ဆူပူအကြမ်းဖက်မှုများသည် သူပုန်များ၊ အဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများက လုပ်ဆောင် နေသည်ဟု ဆီးရီးယားနိုင်ငံက ပြစ်တင်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်